စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ် (ပထမနေ့) ပွဲကြိုသုံးသပ်ချက်

စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ် (ပထမနေ့) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 12 January 2022

ဘာစီလိုနာ - ရီးယဲလ်မက်ဒရစ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ရော်နယ်လ်ကိုးမန်းလက်ထက်က ဒီရာသီ လာလီဂါရှုံးကြွေးကို ဇာဗီရဲ့ ဘာစီလိုနာ ပြန်ဆပ်ရမှာပါ။ ဒါပေမဲ့ လက်ရှိခြေစွမ်း အရတော့ တကယ်ကစားရင်ကစားသလို ခြေစွမ်းပြနိုင်တဲ့ ရီးယဲလ်အသင်းကို ဘာစီလိုနာအသင်း ယှဉ်နိုင်ဖို့ ခက်ပါတယ်။ ဘာ စီလိုနာအသင်းက ဒဏ်ရာနဲ့ ကိုဗစ်ပြဿနာကြောင့် လူစုံတက်စုံ ကစားနိုင်ဖို့ မလွယ်သလို၊ အပြောင်းအရွှေ့ကာလ ကစားသမား မတည်ငြိမ်မှုလည်း ရှိနေပါတယ်။ မဟာပြိုင်ဘက်အသင်းနဲ့ ရင်ဆိုင်ရမယ့် El Clasico ပွဲဖြစ်တာကြောင့် အစွမ်းကုန်အားထုတ် ကစားမှာ သေချာပေမဲ့ လူငယ်ကစားသမားတွေနဲ့ လိုအပ်ချက်တွေ များပြားနေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ရီးယဲလ်ကို ကျော် ဖြတ်နိုင်ဖို့ ဖြစ်နိုင်ခြေနည်းပါတယ်။ မက်ဆီ ရှိနေတုန်းကတောင် ဘာစီလိုနာအသင်းက အခုနောက်ပိုင်း ရီးယဲလ်ကို ရှုံးပွဲတွေ ဆက်နေခဲ့ပြီး နောက်ဆုံး(၄)ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ ဒီပွဲလည်း ရီးယဲလ်ပဲ အနိုင်ရမှာ သေချာပါတယ်။ 

Most Read

Most Recent