လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကြိုသုံးသပ်ချက်

လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 12 January 2022

စပါး - ချယ်လ်ဆီး (ကြာသပတေးနံနက် ၂း၁၅ နာရီ)

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲက ပြတ်သားခဲ့ပြီး တူဟယ်လ်ရဲ့ချယ်လ်ဆီးအသင်း ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ တာလို့ပြောရမယ်။ ကွန်တီက သူ့အသင်းကို အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပေမဲ့ အရန်တချို့ပါဝင်တဲ့ ချယ်လ်ဆီး အသင်းကို မယှဉ်နိုင်ဖြစ်ခဲ့ရတာပါ။ အခုပွဲမှာလည်း အမာခံအင်အားကိုပဲ ကွန်တီ ထုတ်သုံးဖို့ရှိသလို၊ တူဟယ်လ်ကလည်း ပထမအကျော့လူစာရင်းကို အပြောင်းအလဲများစွာလုပ်ဖို့ မရှိနိုင်ဘူး။ ပထမပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်ပြီး ကွန်တီရဲ့အသင်း ဗိုလ်လုပွဲတက်ဖို့ ရာခိုင်နှုန်းနည်းနေပေမဲ့ လွယ်လွယ်နဲ့တော့ အလျှော့မပေးမှာ သေချာပါတယ်။ စပါးအသင်း အိမ်ကွင်းမှာ အနိုင် နဲ့ သရေပါပဲ။

Most Read

Most Recent