CIES က ထုတ်ပြန်သည့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်းတွင် ရီးယဲလ်ကစားသမားဗင်နီစီယပ်စ် ထိပ်ဆုံးမှ ဦးဆောင်ပြီး ဖိုဒန်၊ ဟော်လန်း၊ ဂရင်းဝုဒ်တို့ အစဉ်လိုက် ရပ်တည်နေ

CIES က ထုတ်ပြန်သည့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်းတွင် ရီးယဲလ်ကစားသမားဗင်နီစီယပ်စ် ထိပ်ဆုံးမှ ဦးဆောင်ပြီး ဖိုဒန်၊ ဟော်လန်း၊ ဂရင်းဝုဒ်တို့ အစဉ်လိုက် ရပ်တည်နေ
Photo: Getty Images
Photo: Getty Images
Published 9 January 2022

 

ဘောလုံးနှင့်ပတ်သက်သည့် ကိန်း ဂဏန်းအချက်အလက်များ လေ့လာထုတ်ပြန်နေသော CIES Football Ovservatory က ထုတ်ပြန်သည့် စစ်တမ်းအရ ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ကစားသမားစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား ဗင် နီစီယပ်စ်ဂျူနီယာက ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိကြောင်း သိရသည်။

CIES သည် အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်စသည့် ဥရောပထိပ်တန်းလိဂ်ငါးခုမှ ကစားသမား ၁၀၀ ၏ ဖြစ်နိုင်ဖွယ် ပြောင်းရွှေ့ကြေးများကို အချက်အလက်များ အပေါ် အခြေခံ၍ ထုတ်ပြန်ထားခြင်းဖြစ်သည်။ ယင်းပြောင်းရွှေ့ကြေးမှာ ၎င်းတို့၏ စာချုပ်လျော်ကြေးနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကစားသမား၏ အသက်အရွယ်၊ လက်ကျန်စာချုပ်သက်တမ်း၊ ပြိုင်ပွဲအဆင့်အတန်း၊ ပွဲအရေအတွက်၊ သွင်းဂိုး၊ ဂိုးဖန်တီးမှု၊ (နောက်ခံ  လူနှင့် ဂိုးသမားများအတွက်) Clean Sheet ပွဲအရေအတွက် စသည့်အချက်များအပေါ် အခြေခံတွက်ချက်ထားခြင်းဖြစ်သည်။ 

CIES ၏ နောက်ဆုံးထုတ်ပြန်မှုအရ ရီးယဲလ်အသင်း၏ ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမား ဗင်နီစီယပ်စ်က ပေါင် ၁၃၉ သန်းဖြင့် ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ၎င်း၏နောက်တွင် မန်စီးတီးအသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဖိုဒန်က ပေါင် ၁၂၇ သန်း၊ ဒေါ့မွန်အသင်း၏ နော်ဝေတိုက်စစ်မှူး ဟော်လန်းက ပေါင် ၁၁၉ သန်း၊ မန်ယူအသင်း၏ အင်္ဂလန်တောင်ပံကစားသမား ဂရင်းဝုဒ် က ပေါင် ၁၁၂ သန်း၊ လေဗာကူဆင်အသင်း၏ ဂျာမနီကွင်းလယ်လူ ဖလော်ရီယန်ဗက်ဇ်က ပေါင် ၁၁၁ သန်းဖြင့် အစဉ်လိုက် ရပ်တည်နေသည်။ 

PSG အသင်း၏ ပြင်သစ်ကြယ်ပွင့် တိုက်စစ်မှူး ဘာပေမှာ လက်ရှိအချိန်တွင် အသင်းနှင့် စာချုပ်သက်တမ်းခြောက်လသာ ကျန်ရှိတော့သဖြင့် ပြောင်းရွှေ့ကြေးတန်ဖိုး ပေါင်သန်း ၆၀ သာ သတ်မှတ်ခံထားရပြီး ထိပ်ဆုံး ၁၀ ဦးစာရင်းပြင်ပသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ထိပ်ဆုံး ၁၀ ဦးတွင် ဘွန်ဒစ်လီဂါမှ လေးဦးဖြင့် အများဆုံးပါဝင်နေသည်။

တန်ဖိုးအမြင့်ဆုံး ကစားသမား ၁၁ ဦး

အမည်    ကလပ်    တန်ဖိုး

ဗင်နီစီယပ်စ်    ရီးယဲလ်မက်ဒရစ်    ၁၃၉ သန်း

ဖိုဒန်    မန်စီးတီး    ၁၂၇ သန်း

ဟော်လန်း    ဒေါ့မွန်    ၁၁၉ သန်း

ဂရင်းဝုဒ်    မန်ယူ    ၁၁၂ သန်း

ဖလော်ရီယန်ဗက်ဇ်    လေဗာကူဆင်    ၁၁၁ သန်း

ဘယ်လင်ဟမ်    ဒေါ့မွန်    ၁၀၉ သန်း

အယ်ဖွန်ဆိုဒေးဗီးစ်    ဘိုင်ယန်မြူးနစ်    ၁၀၂ သန်း

ဒီယက်စ်    မန်စီးတီး    ၁၀၁ သန်း

ပတ်ဒရီ    ဘာစီလိုနာ    ၉၉ သန်း

ဒီယွန်း    ဘာစီလိုနာ    ၉၆ သန်း

ဆန်ချို    မန်ယူ    ၉၆ သန်း

Most Read

Most Recent