■ နွေရာသီတွင် ဟော်လန်းကို ဘာစီလိုနာအသင်း ခေါ်ယူနိုင်မည်ဟု စပိန်ဘောလုံးကျွမ်းကျင်သူ ဘာလာဂယ် သုံးသပ်

■ နွေရာသီတွင် ဟော်လန်းကို ဘာစီလိုနာအသင်း ခေါ်ယူနိုင်မည်ဟု စပိန်ဘောလုံးကျွမ်းကျင်သူ ဘာလာဂယ် သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 8 January 2022

ဘာစီလိုနာအသင်းအနေဖြင့် ကြွေးမြီပြဿနာများရှိနေသော်လည်း နွေရာသီတွင် ဒေါ့မွန်အသင်း ကြယ်ပွင့်တိုက်စစ်မှူး ဟော် လန်းကို ခေါ်ယူနိုင်မည်ဖြစ်ကြောင်း စပိန်ဘောလုံးကျွမ်းကျင်သူ ဘာလာဂယ်က သုံးသပ်ပြောကြားသည်။

    

အသက် (၂၁) နှစ်အရွယ် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းနှင့် ဒေါ့မွန်အသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ် အထိ ကျန်ရှိနေသော်လည်း စာချုပ်ပါစည်းမျဉ်းအရ လာမည့်နွေရာသီတွင် စာချုပ်လျော်ကြေး ယူရို (၇၅)သန်း(ပေါင် ၆၂.၆ သန်း) ဖြင့် ထွက်ခွာခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ 

သို့ဖြစ်ရာ ၎င်းအား မန်စီးတီး၊ PSG၊ ရီးယဲလ် မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်စသည့် ထိပ်တန်းကလပ်များစွာက ခေါ်ယူရန် စိတ်ဝင်စားနေပြီး ဘဏ္ဍာရေးအကျပ်အတည်းရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်းလည်း ပါဝင်နေသည်။ 

ဘာလာဂယ်၏ သုံးသပ်မှုအရ ဘာစီလိုနာအသင်းသည် နူးကမ့်ကွင်းပြင်ဆင်တည် ဆောက်ရန်နှင့် အခြားကဏ္ဍများအတွက် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်သည့် Goldman Sachs မှ ယူရို (၁.၅) ဘီလီယံ ချေးယူထားပြီး ယူရို (၅၉၅) သန်းမှာ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။ 

ထပ်မံရရှိမည့်ချေးငွေမှာ ဘာစီလိုနာအသင်း၏ကြွေးမြီ ယူရို (၁.၃)ဘီလီယံကို ပေးဆပ်နိုင်မည်ဖြစ်သလို ကစားသမားခေါ်ယူရန် အသုံးပြုခွင့်ရဖွယ်ရှိ နေခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် ဇန်နဝါရီတွင်ခေါ်ယူထားသည့် ဖယ်ရန်တောရက်စ်ကိုလည်း မှတ်ပုံမတင်ရသေးကြောင်း သိရသည်။

Most Read

Most Recent