ဟော်လန်းကို လာမည့်နွေရာသီတွင် ခေါ်ယူသွားမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ ဖွင့်ဟ

ဟော်လန်းကို လာမည့်နွေရာသီတွင် ခေါ်ယူသွားမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 6 January 2022

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူရန်စီစဉ်သွားမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

ဟော်လန်းကို ဘာစီလိုနာ၏ မဟာပြိုင်ဘက် ရီးယဲလ်အသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းများစွာ စိတ်ဝင်စားနေချိန်တွင် လာပေါ်တာက စပိန်ရုပ်သံ Deportes Cuatro နှင့် အင်တာဗျူးအစီအစဉ်တွင် ယခုလို ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

သို့သော် ဟော်လန်းကိုခေါ်ယူရန် ပြောင်းရွှေ့ကြေးနှင့် ဟော်လန်းအတွက်ပေးရမည့် လစာငွေပမာဏသည် ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်းအတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

ဟော်လန်း၏ အေးဂျင့်ဖြစ်သူ ရိုင်ယိုလာကမူ သူ့ကစားသမားသည် ဘာစီလိုနာအသင်းတွင် ကစားရန်ဆန္ဒရှိနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။

လာပေါ်တာနှင့် အေးဂျင့် ရိုင်ယိုလာတို့သည် အီတလီနိုင်ငံ၊ တူရင်မြို့တွင် ဆုံတွေ့ဖူးပြီး ယင်းအချိန်က လာပေါ်တာကို ရိုင်ယိုလာက ဟော်လန်းအပြောင်းအရွှေ့အတွက် ယူရိုသန်း (၁၀၀)ဝန်းကျင် အသုံးပြုရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းအနေဖြင့် ဟော်လန်းအတွက် အနည်းဆုံးယူရိုသန်း (၁၀၀) အသုံးပြုရမည်ဖြစ်သလို၊ ခန့်မှန်း (၃) နှစ်စာချုပ်အတွက် ယူရိုသန်း (၃၀)မှ  ယူရိုသန်း (၅၀)ကြား ကုန်ကျဖွယ်ရှိနေကြောင်း စပိန်ရုပ်သံ Deportes Cuatro က သုံးသပ်ခဲ့သည်။

Most Read

Most Recent