မြိတ်ခရိုင် ပလောက်မြို့နှင့် ထားဝယ် ခရိုင် သရက်ချောင်းမြို့နယ်အကြား ည ၇ နာရီ ကျော်ပါက ကားများဖြတ်သန်းမသွားရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း သိရ သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းဖြတ် သန်းသွားလာနေသည့် ခရီးသည်တင်ကားများ ကုန်ကားများအန္တရာယ်ကင်းရှင်းစေရန်သက် ဆိုင်ရာမှ ဒီဇင်ဘာ ၂၄ ရက်တွင် ညွှန်ကြား ထားခြင်းဖြစ်ပြီး ထားဝယ်ဘက်မှမြိတ်မြို့သို့ သွားလာမည့်ကားများမှာ ည ၇ နာရီကျော်ပါက သရက်ချောင်းမြို့မှ လုံးဝကျော်လွန်ပြီးသွားလာခြင်းမပြုရန်၊ ကော့သောင်း၊ မြိတ်ဘက်မှ ထားဝယ်ဘက်သို့ သွားလာမည့် ကားများမှာ ည ၇ နာရီကျော်ပါက ပလောက်မြို့မှကျော်လွန်ပြီးလုံးဝမသွားကြရန် ညွှန်ကြားထားခဲ့ ကြောင်း သိရသည်။
“ကျွန်တော်တို့ကို ညွှန်ကြားထားတာရှိပါ တယ်။ ကျွန်တော်တို့လည်း ခရီးသည်တင် ကားတွေ၊ ကုန်ကားတွေကို ရှင်းပြထားပြီးပါပြီ။ ထားဝယ်ဘက်က လာတဲ့ကားတွေကတော့ ည ၇ နာရီထိုးရင် သရက်ချောင်းမှာရပ်နားခိုင်း ထားပါတယ်။ ကော့သောင်း၊ မြိတ်ဘက်က နေသွားမယ့်ကားတွေကိုတော့ ကျွန်တော်တို့ က ပလောက်မြို့အထိတောင်မဟုတ်ဘူး ပု လောမြို့လောက်မှာ ရပ်နားကြဖို့ပြောပြထား ပါတယ်။ ကားတွေကတော့ လက်ရှိ ညနေ ၅ နာရီကျော်တာနဲ့ ပုလောမြို့မှာရပ်နားကြပါ တယ်။ ဒီက ထွက်တဲ့ကားတွေကိုလည်းလမ်းခရီးမှာသတ်မှတ်ချိန်ကို တွက်ချက်ပြီးသွားလာ ကြဖို့ပြောပြထားပါတယ်”ဟု မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်းထိန်း သိမ်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးမိုးကျော်သူက ပြောကြားသည်။
မြိတ်မြို့မှခရီးသည်တင်ကားများမှာ နံ နက်ပိုင်း ၁၀ နာရီထွက် သည့်ကားလိုင်းများရှိ သလို ညနေ ၄ နာရီခန့်တွင် ထွက်သည့်ကား လိုင်းများလည်းရှိကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပိတိုင်ရွာအနီး ပစ်ခတ် မှုကြောင့် ခရီး သည်တင်ကားနှင့် ကုန်ကားများ တွင် လိုက်ပါ လာသည့် ယာဉ်မောင်းနှင့် ခရီး သည်များ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး နောက်ယာဉ် လိုင်းများကိုသရက်ချောင်းမြို့နှင့်ပလောက် မြို့အကြား ည ၇ နာရီကျော်ပါကသွားလာခြင်း မပြုလုပ်ကြရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။















