■ ဆာလာနှင့် မာနေတို့နေရာတွင် အစားထိုးရန်အတွက် လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ခေါ်မည်မဟုတ်

■ ဆာလာနှင့် မာနေတို့နေရာတွင် အစားထိုးရန်အတွက် လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ခေါ်မည်မဟုတ်
Photo: Getty Images
Photo: Getty Images
Published 25 December 2021

လီဗာပူးလ်အသင်းသည် လာမည့်ဇန်နဝါရီလတွင် အသင်းတိုက်စစ်ကစားသမားဖြစ်သည့် ဆာလာနှင့် မာနေတို့ကို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲသို့ စေလွှတ်ရမည်ဖြစ်သော်လည်း ၎င်းတို့နေရာတွင် အစားထိုးရန် ကစားသမားသစ် ခေါ်မည်မဟုတ်ကြောင်း သိရသည်။ 

၂၀၂၂ ဇန်နဝါရီ (၉)ရက်တွင် စတင်ကျင်းပမည့် ၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ သွားရောက်ကစားမည့် ဆာလာနှင့် မာနေတို့သည် လီဗာပူးလ်အသင်း၏ အရေးကြီးပွဲစဉ်များကို လွဲချော်တော့မည်ဖြစ်သည်။ 

ဆာလာနှင့် မာနေတို့မှာ ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြနေသူများဖြစ်ပြီး ဆာလာက ပြိုင်ပွဲစုံ (၂၂)ဂိုး၊ မာနေက ပြိုင်ပွဲစုံ (၉)ဂိုး သွင်းယူထားသည်။ 

၎င်းတို့(၂)ဦးကို တစ်လနီးပါး လက်လွှတ်ရမည့် လီဗာပူးလ်အသင်းအနေဖြင့် တိုက်စစ်ပိုင်းတွင် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ်ရှိနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။ 

သို့သော် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် ဆာလာနှင့် မာနေတို့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်နေချိန်တွင် အသင်းရှိတိုက်စစ်ကစားသမားများအနေဖြင့် ၎င်းတို့၏ကွက်လပ်ကို ဖြည့်နိုင်မည်ဟု ယုံကြည်နေကြောင်း သိရှိရသည်။ 

ဆာလာနှင့် မာနေတို့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေချိန်တွင် လီဗာပူးလ်တိုက်စစ်တွင် ဖေမီနို၊ ဂျိုတာ၊ အော်ရီဂီ၊ မီနာမီနိုတို့ ကျန်ရှိနေမည်ဖြစ်သည်။ 

Most Read

Most Recent