၂၀၂၁ ပြိုင်ပွဲ၏ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံဆုကို ပူပူနွေးနွေးဆွတ်ခူး ရရှိထားသည့် ဒတ်ချ်ကားမောင်းသမား ဗာစတက်ပန်က သူ၏ပြိုင်ပွဲအင်ဂျင်နီယာဖြစ်သူ လမ်ဘီယာဆီ အသင်းမှထွက်ခွာလျှင် မိမိသည်လည်း ရက်ဘူးလ်အသင်းကို စွန့်ခွာသွားနိုင်သည်ဟု သတိပေးခဲ့သည်။
လမ်ဘီယာဆီသည် ယခုရာသီ ဗာစတက်ပန် ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးခဲ့ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်ဟုလည်း သတင်းများက ဖော်ပြခဲ့သည်။
ဗာစတက်ပန်အနေဖြင့် ၂၀၁၆ ခုနှစ်တွင် အသက်(၁၈)နှစ်အရွယ်နှင့် အသင်းသို့ ရောက်ရှိလာကတည်းက လမ်ဘီယာဆီမှာ သူ၏ပြိုင်ပွဲအင်ဂျင်နီယာအဖြစ် တောက်လျှောက်လက်တွဲခဲ့သူဖြစ်သည်။















