မန်ယူဂန္ထဝင်ကစားသမား ရွိုင်ကင်းက ယနေ့ခေတ်ကစားသမားများ၏ အဝတ်လဲခန်းအတွင်း ပြုမူပြောဆိုပုံများမှာ အားရကျေနပ်စရာမရှိကြောင်း ဝေဖန်ပြောကြားခဲ့သည်။
Amazon Prime documentary အစီအစဉ်က စပါးအသင်း၏အဝတ်လဲခန်းအတွင်း ကစားသမားများ၏ ပြုမူပြောဆိုပုံများကို ရိုက်ကူးထုတ်လွှင့်ပြသခဲ့ရာ ရွိုင်ကင်းက ယင်း documentary မှ ကစားသမားများ၏ အပြုအမူများကို ဝေဖန်ခဲ့သည်။
စပါးကစားသမားများ အဝတ်လဲခန်းအတွင်း အပြန်အလှန်ပြောဆိုငြင်းခုန်သည်မှာ ကလေးများရန်ဖြစ်သကဲ့သို့ဖြစ်နေပြီး ဟာရီကိန်း၏ ပွဲကြိုစကားမှာ ပျင်းစရာကောင်းကြောင်း ၎င်းက ပြောကြားခဲ့သည်။















