■ ခရစ္စတယ်ပဲလေ့စ်ရဲ့ အသည်းနှလုံး

■ ခရစ္စတယ်ပဲလေ့စ်ရဲ့ အသည်းနှလုံး
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 17 December 2021
အယ်နီညို

ပဲလေ့စ်ကိုရောက်ချိန်မှာ ဗီယာရာ အရင်ဆုံးလုပ်တဲ့ အလုပ်က လူငယ်တွေအတွက် လမ်းဖွင့်ပေးဖို့နဲ့ သူ့ရဲ့ အိုင်ဒီယော်လော်ဂျီကိုတည်ဆောက်ဖို့ ကြိုးစားခဲ့တာပဲ။ လူငယ်တွေဖြစ်တဲ့ မက်ဂူဟီ၊ အန်ဒါဆန်၊ အိုလီဆေးတို့ကို ခေါ်ခဲ့တယ်။ ကစားပုံအရတော့ ဂယ်လာဂါကို အဓိကကစားသမားအဖြစ် တည်ပြီး ကစားကွက်တည်ဆောက်ခဲ့တယ်။ လက်ရှိမှာ ဂယ်လာဂါက ခရစ္စပဲလေ့စ်အသင်းရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးကစားသမားပါ။ တိုက်စစ်နဲ့ ကွင်းလယ် စွမ်းဆောင်ရည်တွေမှာ နေရာတိုင်းအတွက် ခြွင်းချက်မရှိ အကောင်းဆုံးကစားသမားဖြစ်တယ်။ အသင်းအတွက် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး (၆)ဂိုး၊ ဖန်တီးမှုအများဆုံး (၃)ကြိမ်၊ အခွင့်အရေး ဖန်တီးမှုအများဆုံး (၂၇) ကြိမ်၊ ကွင်းအတွင်းပြေးလွှားမှုအများဆုံး (၁၆၀.၅၇) ကီလိုမီတာ၊ ဖျက် ထုတ်မှု ဒုတိယအများဆုံး (၄၂) ကြိမ်ဆိုပြီး ရှိနေပါတယ်။

 

Most Read

Most Recent