ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စံချိန်တင်တွေ့ရှိ

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စံချိန်တင်တွေ့ရှိ
Photo: Getty Images
Photo: Getty Images
Published 15 December 2021

 

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စံချိန်တင်တွေ့ရှိမှုအဖြစ် ၄၂ ဦးအထိ ရှိခဲ့ကြောင်း တရားဝင်သတင်း ထုတ်ပြန်မှုအရ သိရသည်။

ယင်းပမာဏမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဗိုင်းရပ်စ်စစ်ဆေးမှုရလဒ်များကို တရားဝင် ကြေညာခဲ့သည့် ၂၀၂၀ ပြည့်နှစ် မေလကတည်းက အများဆုံးတွေ့ရှိမှုလည်းဖြစ်သည်။ 

ပြီးခဲ့သည့်အပတ် စစ်ဆေးမှုတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ တစ်ဒါဇင်သာ ရှိသော်လည်း တစ်ပတ်အတွင်း ကူးစက်မှုနှုန်းမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရသည်။ 

ပရီးမီး ယားလိဂ်အဖွဲ့ချုပ်၏ တရားဝင်သတင်းထုတ်ပြန်ချက်၌ ဒီဇင်ဘာလ ၆ ရက်မှ ၁၂ ရက်အကြား ကစားသမားနှင့် အသင်းဝန်ထမ်းဦးရေ ၃၈၀၅ ဦး စစ်ဆေးခဲ့ရာတွင် Positive အဖြေ ထွက်သည့် အရေအတွက်မှာ ၄၂ ဦးအထိရှိ သည်ဟု ရေးသားခဲ့သည်။

Most Read

Most Recent