လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလလယ်အထိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃၇ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၂၇ သန်းကျော် ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလလယ်အထိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃၇ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၂၇ သန်းကျော် ပိုမိုရရှိ
Published 3 December 2021

လက်ရှိဘဏ္ဍာနှစ်  နိုဝင်ဘာလလယ်အထိ ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃၇  သန်းကျော် ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၂၇ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။

COVID-19 ကြောင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ် လာသန်း ၅၁၀၀ ကျော်သာရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၃၅၀ ကျော်လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်းရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်းတင်သွင်းထားသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်း တင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ၂၈၄၆ ဒသမ ၀၆၆ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၂၂၈ ဒသမ ၆၄၁ သန်း တင်သွင်းထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၂၁၂ ဒသမ၂၃၄သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၈၅ ဒသမ ၉၃၈ သန်း တင်သွင်းထားသည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို ရေးဆွဲအကောင်အထည် အကောင်ဖော်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏  မိုက်ခရို၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေးစျေးကွက်တွင် လက်ရှိတင်ပို့ရောင်းချ နေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။

 

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်သည်။

Most Read

Most Recent