COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်
Published 1 December 2021

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဒီဇင်ဘာ ၃၁  ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း  COVID-19 ကာကွယ်၊ ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ  သတင်းထုတ်ပြနချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီး သွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့်သတ်ချက်များအားလုံးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၁ ရက်အထိတိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ် သည်။

သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေ ဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန် ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ခုနှစ်မှ ၂၀၂ဝပြည့်နှစ် သြဂုတ်လအထိ e-Visa ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွား ၁ ဒသမ ရသန်းကျော်ရှိပြီး ၎င်းတို့ e-Visa လျှောက်ထားမှုမှ ဝင်ငွေရရှိမှု အမေရိကန်ဒေါ်လာ ၆၉.၂ သန်းရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂ဝပြည့်နှစ် သြဂုတ်လအထိ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွားများ ဆိုက်ရောက်ဗီဇာ လျှောက်ထားမှုမှ ရရှိဝင်ငွေ အမေရိကန် ဒေါ်လာ ၇၁.၅၂ သန်းရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ဝင်ဗီဇာ ၁၄ မျိုးအား ခွင့်ပြုလျက်ရှိပြီး ဆိုက်ရောက်ဗီဇာ အမျိုးအစားအား ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုတွင် နိုင်ငံပေါင်း  ၅၅ နိုင်ငံမှ နိုင်ငံသားများကို လုပ်ငန်းဗီဇာ၊ အလုပ်ရုံ၊ ဆွေးနွေးပွဲအပါအဝင် ဗီဇာအမျိုးအစားများအား ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ခွင့်ပြုထုတ်ပေးလျက်ရှိသည်။

လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာလအား၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ  သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ကယ်ဆယ်ရေးခရီးစဉ်ဖြင့် စင်ကာပူနိုင်ငံသို့ လိုက်ပါမည့်သူများ ၄၈ နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR test result ပြသရန် လိုအပ်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ ကြေညာချက်အရ သိရသည်။

Singaport Ministry of Health (MOH) မှ ထုတ်ပြန်ချက်အရ စင်ကာပူနိုင်ငံသို့ သွားရောက်မည့် ခရီးသည်များအားလုံး (Singapore Citizen နှင့် Permanent Resident များအပါအဝင်)  စင်ကာပူနိုင်ငံသို့ မထွက်ခွာမီ ၄၈ နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR test result ပါရှိရန် လိုအပ်မည်ဖြစ်သည်။

Most Read

Most Recent