တော်ဝင်မင်းသားဟယ်ရီ၏ဇနီး မက်ဂန် နာမည်ကြီး Ellen ရှိုးအစီအစဉ်တွင် ပါဝင်

တော်ဝင်မင်းသားဟယ်ရီ၏ဇနီး မက်ဂန် နာမည်ကြီး Ellen ရှိုးအစီအစဉ်တွင် ပါဝင်
Published 18 November 2021

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ဇနီး မက်ဂန်မာကယ်သည် တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးရုပ်သံ talk show  တစ်ခုတွင်ပါဝင်ခဲ့သည်။

Sussex မြို့စားကတော်ဟောင်း မက်ဂန်က The Ellen Degeneres Show  အစီအစဉ်တွင် ပါဝင်လာခြင်းဖြစ်ပြီး ထိုအစီအစဉ်ကို အမေရိကန်တွင် နိုဝင်ဘာ ၁၈ ရက်က ပြသလိုက်သည်။

မတ်လက အော်ပရာဝင်းဖရေးနှင့် အင်တာဗျူးတွင် တော်ဝင်မိသားစုအတွင်း ၎င်းတို့၏အဆင်မပြေမှုများကို ဇနီးမောင်နှံနှစ်ဦး ပွင့်လင်းစွာ ထုတ်ပြောခဲ့ပြီးနောက်ပိုင်း ယခုအစီအစဉ်သည် မာကယ်အတွက် ပထမဆုံး ရုပ်သံတင်ဆက်မှု ဖြစ်သည်။

အမေရိကန်ရုပ်ရှင်မင်းသမီးဟောင်း မက်ဂန်သည် ၂၀၁၈ ခုနှစ်တွင် တော်ဝင်မင်းသားဟယ်ရီနှင့်လက်ထပ်ကာ မင်းသမီးအလုပ်ကို စွန့်လွှတ်ခဲ့သူဖြစ်ပြီး တော်ဝင်အလုပ်တာဝန်များမှ နုတ်ထွက်ကာ ၂၀၂၀ ခုနှစ်တွင် ၎င်းတို့ဇနီးမောင်နှံ ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

Most Read

Most Recent