မြစ်ကြီးနား မိုးလေဝသနှင့် ဇလဗေဒ ရုံးဝင်းအတွင်း ဒုတိယကမ္ဘာစစ်ကျန် အလေးချိန်ပေါင် ၂၅၀ ရှိသည့် ဗုံးသီးတွေ့ရှိ

မြစ်ကြီးနား မိုးလေဝသနှင့် ဇလဗေဒ ရုံးဝင်းအတွင်း ဒုတိယကမ္ဘာစစ်ကျန် အလေးချိန်ပေါင် ၂၅၀ ရှိသည့် ဗုံးသီးတွေ့ရှိ
Published 18 November 2021
ထွန်းလင်းအောင်

ကချင်ပြည်နယ် မြစ်ကြီးနား ရန်ကြီး အောင် ရပ်ကွက်ရှိ မိုးလေဝသနှင့် ဇလဗေဒ ရုံးဝင်းအတွင်း ဒုတိယကမ္ဘာစစ်ကျန် ပေါင် ၂၅၀ ရှိသည့်ဗုံးသီးကို နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဗုံးသီးကို ရုံးဝင်းအတွင်း စိုက်ပျိုးရေးလုပ်ရန်အတွက် မြေထွန်ရက်ရာမှ ဦးစီးအရာရှိနေအိမ်ဘေးတွင် တွေ့ရှိရခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားကာ သိမ်းဆည်းသွားကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးတင်ထိုက်က “အရင်ကတော့ ကျည်ခွံတွေ ကျည်ဆန်ဟောင်းတွေ တွေ့တာပေါ့။ ဒီနေ့ တော့ ဘုရားကျောင်းတို့၊ ဘုန်းကြီးကျောင်း တို့မှာ ခေါင်းလောင်းထိုတဲ့ အလုံးမျိုးတွေ့တာ။ သက်ကြီးတွေ ပြောတဲ့စကားအရတော့ ရုံးဝင်း က အရင်ဒုတိယကမ္ဘာစစ်က စခန်းချခဲ့တဲ့ နေ ရာမျိုးဖြစ်နေတာကို။ အခု ဗုံးသီးနဲ့ မနီးမဝေး မှာ မီးတွေ ဘာတွေ ရှို့နေကြတာ ။အခုလိုတွေ့ တာ ကံကောင်းတယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် ဒုတိယကမ္ဘာစစ် ကျန် တင့်ကားများ၊ ဗုံးဆန်များ၊ ကျည်ဆန်များ မကြာခဏတွေ့ရတတ်သည်။

 

 

Most Read

Most Recent