ပရီးမီးယားလိဂ်က ပွဲစဉ် (၁၁) ရှိလာခဲ့ပြီ။ ဒီအချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ကစားသမားတွေထဲက ပရီးမီးယားလိဂ်သွင်းဂိုး ရထားတဲ့သူအရေအတွက်က (၁၅) ဦးရှိတယ်။ ပရီးမီးယားလိဂ်က ဘယ်ပြိုင်ဘက်အသင်းထက်မဆို ပိုများတဲ့အရေအတွက် လည်းဖြစ်တယ်။ ဒါ့အပြင် အသင်းအတွက် ဂိုးအများဆုံးသွင်းပေးထားသူက အသက် (၂၁) နှစ်သာ ရှိသေးတဲ့ ညာနောက်ခံလူလည်းဖြစ်နေတယ်။ တခြားဂိုးသွင်းကြသူတွေထဲမှာ သူ့ရဲ့တစ်ဖက်တောင်ပံခံစစ်အခြမ်းမှာ ကစားထားတဲ့ ကစားသမားပါတယ်။ နောက်ခံအတွင်းလူ(၃)ဦးက ဂိုးသွင်းထားတယ်။ ကွင်းလယ်လူတွေ ဂိုးတွေ သွင်းထားကြ တယ်။ သူတို့အသင်းရဲ့တိုက်စစ်ပိုင်းက ကစားသမားတွေ အကုန်လုံး ဂိုးသွင်းထားကြတယ်။ ချယ်လ်ဆီးအသင်းရဲ့ကစားဟန်က တိုက်စစ်ကို အလွန်အကျွံကစားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ တစ်သင်းလုံးလိုလိုဟာ Forward Thinking တော့ ဖြစ်ကြတယ်။ တူဟယ်လ်က ဒါကို လိုလားတယ်။
ချယ်လ်ဆီးရဲ့ တိုက်စစ်အဓိပ္ပာယ်ဖွင့်ဆိုချက်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















