ဆမ်ဂျီယွန်လုပ်ငန်းခွင်ကို စစ်ဆေးရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် လူမြင်ကွင်း၌ ပြန်လည်ထွက်ပေါ်လာ

ဆမ်ဂျီယွန်လုပ်ငန်းခွင်ကို စစ်ဆေးရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် လူမြင်ကွင်း၌ ပြန်လည်ထွက်ပေါ်လာ
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ဆမ်ဂျီယွန်လုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုခဲ့သည့် ကင်ဂျုံအွန်ကို တွေ့ရစဉ်
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ဆမ်ဂျီယွန်လုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုခဲ့သည့် ကင်ဂျုံအွန်ကို တွေ့ရစဉ်
Published 16 November 2021
Ref: AP

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် တရုတ်နှင့်ထိစပ်နေသော နယ်စပ်အနီးရှိ အရေးပါသော ဖွံ့ဖြိုးရေးစီမံကိန်းကို ကြည့်ရှုစစ်ဆေးရန် အများမြင်ကွင်းမှ တစ်လကြာပျောက်နေပြီးမှ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး နိုင်ငံတကာ၏ အထီးကျန်ထားမှုနှင့် ဖိအားပေးမှုတို့ကို ရင်ဆိုင်နေရသော်လည်း ကြွယ်ဝရေးအတွက် မိမိနိုင်ငံ၏ သံမဏိစိတ်ဓာတ်ကို စံနမူနာအဖြစ်ပြောကြားခဲ့သည်။

ကင်သည် နိုဝင်ဘာ ၁၆ ရက်တွင် ဆမ်ဂျီယွန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားရောက်လည်ပတ်ရာတွင် အားရကျေနပ်ခဲ့သည်ဟု မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA ကဖော်ပြခဲ့ပြီး ကင်သည် ထိုနေရာကို နေမင်း၏ မြင့်မြတ်သောနေရာအဖြစ် ပြောကြားခဲ့သည်ဟု ဆက်လက်ဖော်ပြခဲ့သည်။

ဆမ်ဂျီယွန်သည် Paektu တောင်ခြေတွင် တည်ရှိသည်။ ထိုတောင်သည် ကင်မိသားစု ဆင့်ကဲပြောင်းလဲလာသော မြောက်ကိုရီးယားနိုင်ငံ ဖြစ်ပေါ်လာသည့်ဒဏ္ဏာရီ ဗဟိုပြုရာနေရာဖြစ်ပြီး မြောက်ကိုရီးယား တော်လှန်ရေး၏ ဘာသာရေးဆိုင်ရာနေရာအဖြစ် တရားဝင်ဇာတ်လမ်းပုံပြင်များတွင် ဖော်ပြခံရသောနေရာဖြစ်သည်။

ဆမ်ဂျီယွန်ကို ယဉ်ကျေးမှုမြို့အဖြစ် တည်ဆောက်ရေးမှာ လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် မြောက်ကိုရီးယားအာဏာရ ပါတီတည်ထောင်သည့် အနှစ် ၇၀ ပြည့်နှစ် ပတ်လည်အတွက် ကင်အစိုးရကရည်ရွယ်ခဲ့သော နိုင်ငံအနှံတည်ဆောက်ရေးအစီအစဉ်များထဲက အဓိကကျသော ဦးစားပေးစီမံကိန်းတစ်ခု ဖြစ်သည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားချိန်အတွင်း နယ်စပ်ပိတ်ထားခြင်းများ၊ ကင်၏ အဏုမြူလက်နက်များနှင့် ဒုံးကျည်အစီအစဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ ရှိနေချိန်တွင် ဆောက်လုပ်ရေး နှေးကွေးခဲ့ရသည်။

မြောက်ကိုရီးယား၏ မိမိဘာသာချမှတ်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းများက ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ဆယ်စုနှစ်ချီ စီမံခန့်ခွဲမှုမှားယွင်းမှုများကြောင့် ဆိုးရွားခဲ့သော စီးပွားရေးအတွက် ထပ်မံတုန်လှုပ်စရာတစ်ခုကို ဖန်တီးပေးနေခြင်းနှင့်အတူ နိုင်ငံ့ခေါင်းဆောင်အဖြစ် ကင်သည်အခက်ခဲဆုံးကာလကို ကျော်လွှားရန် ရုန်းကန်နေရသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဖခင်ကွယ်လွန်ခဲ့ပြီးနောက် အာဏာလွှဲပြောင်းယူချိန်ကတည်းက ဆယ်နှစ်ကြာအုပ်ချုပ်မှုကို ရောက်ရှိလာခဲ့သော ကင်အလွန်အမင်း လိုအပ်နေသောဆုဖလားကို ပေးအပ်နိုင်သည့် ဆမ်ဂျီယွန်တည်ဆောက်ရေး လုပ်ငန်းများသည် ယခုနှစ်ကုန်ပိုင်းလောက်တွင် ပြီးစီးနိုင်သည်ဟု KCNA က ဖော်ပြခဲ့သည်။

အခွင့်အလမ်းမသာသည့် အနေအထားကို ကြုံတွေ့နေရသော်လည်း စီမံကိန်းပြီးစီးစေရေးအတွက် မြင့်မားသော သစ္စာတရား၊ ပြင်းပြသောဆန္ဒနှင့် သွေးချွေးတို့ဖြင့် ဆောင်ရွက်သည့်အတွက် အလုပ်သမားများကို ကင်ကချီးကျူးခဲ့သည်။ ဆမ်ဂျီယွန်သည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လမ်းညွှန်ဖြစ်လာမည်ဟု ကင်ဂျုံအွန်က ပြောကြားခဲ့သည်။

အိမ်ယာနှင့် အဆောက်အအုံထောင်ပေါင်းများစွာ ပါဝင်ပြီး ကားလမ်းသစ်များ၊ မဟာဓာတ်အားလိုင်းများ ပါဝင်သော ဆမ်ဂျီယွန် တည်ဆောက်ရေးအတွက် မြောက်ကိုရီးယားသည် လေးနှစ်အချိန်ကုန်ခဲ့ပြီဟု ကင်ကပြောကြားခဲ့သည်။ ကင်အနေဖြင့် ဆမ်ဂျီယွန်ကို စစ်ဆေးခြင်းမှာ အောက်တိုဘာ ၁၁ ရက် နောက်ပိုင်း ပထမဆုံးလူမြင်ကွင်းကိုထွက်လာခြင်း ဖြစ်သည်။

Most Read

Most Recent