ကမ္ဘာ့ရွှေစျေး ၁၈၆၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၇၉၆၀၀၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေစျေး ၁၈၆၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၇၉၆၀၀၀ ဝန်းကျင်ရှိနေ
Published 13 November 2021

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၈၆၄ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၇၉၆၀၀၀ ဝန်းကျင် ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

နိုဝင်ဘာ ၁၃ ရက်တွင် ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၁၇၉၆၀၀၀ ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည်ရွှေစျေးနှုန်းမှာ ကျပ် ၁၆၉၀၅၀၀ ဝန်းကျင်ရှိနေခြင်းဖြစ်သည်။

စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၃၃ဝန်းကျင်ရှိပြီး ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်သို့ စံချိန်တင် ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းမှာ အောက်တိုဘာ ၂ ရက်တွင် ကျပ် ၂၀၁၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

အောက်တိုဘာ ၂ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၆၂ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၂၀၁၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၈၄၄၀၀၀ ဝန်းကျင် ရှိနေခြင်းဖြစ်သည်။

စက်တင်ဘာ ၂၇ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည်အခေါက်ရွှေစျေးနှုန်းမှာ ၂၀၂၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၈၅၉၀၀၀ ဝန်းကျင် ရှိနေခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေ ဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၆ ရက်တွင် ရွှေစျေးနှုန်း ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိခဲ့သည်။

ရန်ကုန်ရွှေစျေးကွက်အတွင်းသို့ ရွှေဆိုင်များမှ ရွှေပိဿာချိန် ၅၀ ခန့် ရောင်းချပေးထားကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက အစည်းအဝေးပြုလုပ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များမှ ရွှေစျေးကွက်အတွင်း ရွှေများကို ရောင်းချရန် သဘောတူညီမှုရရှိခဲ့သည်။

“ဒီနေ့က ရွှေဆိုင်တွေက လာရောင်းပေးတယ်။ ဇွဲထက်က ခုနစ်ပိဿာ၊ အောင်သမာဓိက ခြောက်ပိဿာ၊ အကယ်ဒမီက ငါးပိဿာ၊ ကိုစိုးနိုင်ကလည်း ငါးပိဿာ ရောင်းပေးသွားတယ်။ အပြင်ကလည်း လာရောင်းကြ၊ ဝယ်ကြတာတွေရှိတယ်။ စုစုပေါင်းဆို ပိဿာ ၄၀ နဲ့ ၅၀ လောက်ရှိတယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ရွှေစျေးကွက်မှာ ပုံမှန်အခြေအနေတွင် တစ်နေ့လျှင် ပိဿာ ၅၀ နှင့် ၁၀၀ အကြားရှိကြောင်း၊ အရောင်းအဝယ်ပါးသည့်နေ့တွင် ပိဿာ ၂၀ နှင့် ၂၅ ပိဿာကြားတွင်ရှိကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent