မြန်မာနိုင်ငံတွင် COVID-19 ကြောင့် နိုဝင်ဘာ ၁ ရက်မှ ၉ ရက်အထိ သေဆုံးသူ ၁၇၀ ကျော်ရှိပြီး ပိုးတွေ့ရှိမှု နှစ်ပတ်ကျော် ငါး ရာခိုင်နှုန်းအောက် လျော့ကျကြောင်း ကျန်း မာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် များအရ သိရသည်။
နိုဝင်ဘာ ၁ ရက်တွင် သေဆုံးသူ ၁၇ ဦး၊ နိုဝင်ဘာ ၂ ရက်တွင် သေဆုံးသူ ၁၄ ဦး၊ နိုဝင် ဘာ ၃ ရက်တွင် သေဆုံးသူ ၁၆ ဦး၊ နိုဝင်ဘာ ၄ ရက်တွင်၂၂ ဦး၊ နိုဝင်ဘာ ၅ ရက်တွင် ၁၇ ဦး၊ နိုဝင်ဘာ ၆ ရက်တွင်၂၁ ဦး၊ နိုဝင်ဘာ ၇ ရက်တွင် ၁၇ ဦး၊ နိုဝင်ဘာ ၈ ရက်တွင် ၁၈ ဦး၊ နိုဝင်ဘာ ၉ ရက်တွင် ၁၆ ဦး၊ နိုဝင်ဘာ ၁၀ ရက်တွင် ၁၄ ဦးရှိခဲ့ပြီး ၁၀ ရက်အတွင်း သေ ဆုံးသူ စုစုပေါင်း ၁၇၂ ဦး ရှိခဲ့သည်။
ရောဂါပိုး တွေ့ရှိမှုအနေဖြင့် နိုဝင်ဘာ ၁ ရက်တွင် ၄ ဒသမ ၅၆ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၂ ရက်တွင် ၄ ဒသမ ၃၀ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၃ ရက်တွင် ၃ ဒသမ ၃၂ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၄ ရက်တွင် ၄ ဒသမ ၄၁ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၅ ရက်တွင် ၄ ဒသမ ၆၅ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၆ ရက်တွင် ၄ ဒသမ၂၀ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၇ ရက်တွင် ၃ ဒသမ ၅၅ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၈ ရက်တွင် ၃ ဒသမ ၈၂ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၉ ရက်တွင် ၃ ဒသမ ၁၃ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၁၀ ရက်တွင် ၄ ဒသမ ၀၉ ရာခိုင်နှုန်း ရှိခဲ့ သည်။
ထို့ပြင် ရောဂါပိုးတွေ့ရှိမှုနှုန်း သိသိသာ သာ လျော့ကျခဲ့သည့် အောက်တိုဘာလအ တွင်း နေ့စဉ်သေဆုံးသူအနေဖြင့် ၅၀ ကျော်မှ ၂၀ ဦးဝန်းကျင်အထိ လျော့ကျခဲ့ပြီး တစ်လအ တွင်း သေဆုံးသူ စုစုပေါင်း ၉၆၀ ရှိခဲ့ကြောင်း သိရသည်။
ပိုးတွေ့ရှိမှု သိသိသာသာ လျော့ကျခဲ့ သည့် စက်တင်ဘာလ အစပိုင်းတွင် သေဆုံး သူ ဦးရေ ၁၀၀ ဝန်းကျင်ရှိခဲ့ပြီး လကုန်ပိုင်း တွင် သေဆုံးသူဦးရေ ၅၀ ဝန်းကျင်အထိ လျော့ကျကာ တစ်လအတွင်းသေဆုံးသူ စုစု ပေါင်း ၂၃၄၆ ဦး ရှိခဲ့သည်။
မြန်မာနိုင်ငံ၌ မေ ၂၇ ရက်မှစ၍ COVID-19 ရောဂါပိုးတွေ့လူနာ ပြန်လည်များ ပြားလာပြီး ကိုဗစ်တတိယလှိုင်းကို အစပျိုး ဖြစ်ပွားလာကာ ဇွန်လအတွင်း ပိုးတွေ့လူနာ နေ့စဉ် ၁၀၀ ကျော်မှ ၁၅၀၀ ကျော်အထိ တွေ့ ရှိခဲ့သည်။
ထို့နောက် ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၄၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ရက်အလိုက် သေဆုံးသူမြင့် တက်ခဲ့ကာ သေဆုံးသူ စုစုပေါင်း ၆၀၀၀ ကျော် အထိရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု အခြေအနေအရ နေ့စဉ် ၂၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ ပိုးတွေ့ရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်မှုအရ သိရသော်လည်း ယင်းကာလတွင် အခြေအနေအကြောင်းအမျိုးမျိုး ကြောင့် မိမိနေအိမ်တွင်ပင် ဆေးကုသမှုပြု လုပ်ခဲ့ကြကာ COVID-19 သံသယလက္ခ ဏာများဖြင့် အမြို့မြို့အနယ်နယ်တွင် သေ ဆုံးသူအများအပြားခဲ့ကြောင်း လူမှုကူညီရေး အဖွဲ့များထံမှ သိရသည်။
ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှုအခြေအ နေအရ နေ့စဉ် ၂၀၀၀ ကျော်မှ ၆၀၀၀ ကျော် အထိ ရောဂါပိုးတွေ့ရှိခဲ့ပြီး နေ့စဉ် ရောဂါပိုး တွေ့ရှိမှု မြင့်တက်ခဲ့သည်။
သြဂုတ် ၅ ရက်နောက်ပိုင်းတွင် ပိုးတွေ့ ရှိမှုရာခိုင်နှုန်း ပြန်လည်လျော့ကျပြီး ရာခိုင် နှုန်း ၂၀ ကျော်တွင် တွေ့ရှိလာပြီး သေဆုံးသူ များအနေဖြင့် နေ့စဉ် ၁၀၀ ကျော်မှ ၂၀၀ ဝန်း ကျင်အထိရှိကာ သြဂုတ်လတစ်လအတွင်း သေဆုံးသူ ၆၀၀၀ ကျော်ရှိခဲ့သည်။
စက်တင်ဘာတွင် ရောဂါပိုးတွေ့ရှိမှုအ နေဖြင့် သိသိသာသာလျော့ကျလာပြီး နေ့စဉ် ရောဂါပိုးစစ်ဆေးနိုင်မှု အခြေအနေအရ ပိုး တွေ့ရှိမှု ၁၀ ရာခိုင်နှုန်းဝန်းကျင်နှင့် အောက် အထိ လျော့ကျလာခဲ့ပြီး သေဆုံးမှုရာခိုင်နှုန်း လည်း လျော့ကျလာခဲ့သည်။















