ဒဏ်ရာပြဿနာကြောင့် အီတလီလက်ရွေးစင်အသင်းလူစာရင်းမှ အီမိုဘီလီနုတ်ထွက်ခဲ့ပြီး စကာမက်ကာအား အစားထိုးရွေးချယ်

ဒဏ်ရာပြဿနာကြောင့် အီတလီလက်ရွေးစင်အသင်းလူစာရင်းမှ အီမိုဘီလီနုတ်ထွက်ခဲ့ပြီး စကာမက်ကာအား အစားထိုးရွေးချယ်
Photo: Getty Images
Photo: Getty Images
Published 10 November 2021

လာဇီယိုအသင်း၏ အီတလီလက်ရွေးစင်တိုက်စစ်မှူး အီမိုဘီလီသည် လက်ရွေးစင်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်၌ ခြေသလုံးဒဏ်ရာရရှိခဲ့ပြီး အသင်းလူစာရင်းမှနုတ်ထွက်ခဲ့ကြောင်းသိရသည်။

အသက် (၃၁)နှစ်အရွယ်ရှိ အီမိုဘီလီသည် ဆွစ်ဇာလန်၊ မြောက်အိုင်ယာလန်တို့နှင့်  ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားရမည့် အီတလီလက်ရွေးစင်အသင်းတွင် ရွေးချယ်ခံထားရသူဖြစ်ပြီး ယခုအခါ ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရပြီဖြစ်ကြောင်းသိရသည်။

အီတလီလက်ရွေးစင်အသင်းနည်းပြ မန်စီနီသည် ဒဏ်ရာကြောင့် အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့သော အီမိုဘီလီ၏နေရာတွင် ဆာဆူအိုလို တိုက်စစ်မှူး စကာမက်ကာ (၂၂ နှစ်)အားအစားထိုးရွေးချယ်ခဲ့ကြောင်းသိရသည်။

စကာမက်ကာသည် အီတလီယူ-၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁ စသည့် သက်တမ်းအလိုက်အသင်းများတွင် ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်သလို အီတလီလက်ရွေးစင်အသင်းကြီးအတွက် (၁)ပွဲပါဝင်ကစားပေးထားသူလည်းဖြစ်သည်။

Most Read

Most Recent