မြန်မာအသင်းနှင့် တူရကီကလပ် Manavgatspor အသင်း နိုဝင်ဘာ (၁၀) မှသာ ခြေစမ်းကစားမည်

မြန်မာအသင်းနှင့် တူရကီကလပ် Manavgatspor အသင်း နိုဝင်ဘာ (၁၀) မှသာ ခြေစမ်းကစားမည်
Published 8 November 2021

၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် တူရကီအပျော်တမ်းကလပ်  Manavgatspor  အသင်းတို ့သည် နိုဝင်ဘာ (၉) ရက်တွင် ခြေစမ်းကစားရန်စီစဉ်ထားခဲ့သော်လည်း ယခုအခါ နိုဝင်ဘာ (၁၀) ရက်မှသာခြေစမ်းကစားတော့မည်ဖြစ်ကြောင်း သိရသည်။

ယင်းခြေစမ်းပွဲကို မူလက နိုဝင်ဘာ (၉) ရက်တွင် ယှဉ်ပြိုင်ကစားရန်စီစဉ်ထားခဲ့သော်လည်း ပြန်လည်ညှိနှိုင်းမှုများအရ နိုဝင်ဘာ (၁၀) ရက်သို ့ ရွှေ  ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Manavgatspor အသင်းသည် အန်တယ်ရာမြို့ အခြေစိုက်အသင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းမှာ ယင်းမြို့တွင် အခြေချနေထိုင်လေ့ကျင့်နေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့်  Manavgatspor အသင်းတို့၏ ခြေစမ်းပွဲကို  Manavgatspor အသင်း၏အိမ်ကွင်းဖြစ်သည့် Evrenseki  ကွင်း၌ တူရကီစံတော်ချိန် နေ့လယ်(၂း၃၀)နာရီ၊ မြန်မာစံတော်ချိန် ညနေ(၆းဝ၀)နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်က တူရကီနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး ယခုလအတွင်း ခြေစမ်းပွဲ(၃)ပွဲကစားရန် သဘောတူညီမှုရထားကာ နိုဝင်ဘာ (၁၀) ရက်တွင် တူရကီကလပ်  Manavgatspor အသင်း၊ နိုဝင်ဘာ (၁၃)ရက်တွင် အာဖရိကအသင်းဖြစ်သော ဘူရွန်ဒီအသင်း၊ နိုဝင်ဘာ (၂၅) ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းကစားမည်ဖြစ်သည်။

Most Read

Most Recent