ပရီးမီးယားလိဂ်အသင်းတစ်သင်းကို Rakuten ဝယ်ယူလို

ပရီးမီးယားလိဂ်အသင်းတစ်သင်းကို Rakuten ဝယ်ယူလို
Photo: FC Barcelona
Photo: FC Barcelona
Published 8 November 2021

လာလီဂါကလပ် ဘာစီလိုနာအသင်း၏ အကျႌရင်ဘတ်စပွန်ဆာအဖြစ် ရပ်တည်နေသော ဂျပန်ကုမ္ပဏီ Rakuten သည် ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ဝယ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

Rakuten သည် ဘာစီလိုနာအသင်းနှင့် တစ်နှစ်ပေါင်(၂၅)သန်းတန် စပွန်ဆာစာချုပ် သက်တမ်းကုန်ဆုံးသွားပါက ပရီးမီးယားလိဂ်၌ ကလပ်အသင်းတစ်သင်း ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။

မကြာသေးမီက ဖြစ်မြောက်ခဲ့သော နယူးကာဆယ်အသင်း၏ အရောင်းအဝယ်ကြောင့် Rakuten က ယခုကဲ့သို့ စိတ်ဝင်စားလာခြင်းဟု သိရသည်။

သို့သော် လေ့လာသူများကမူ Rakuten အနေဖြင့် လိဂ်ချန်ပီယံမှ အသင်းကိုသာ ဝယ်ယူနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ထားကြသည်။

 

Most Read

Most Recent