မိုချန်ဂလာဘတ်အသင်းမှ ကွင်းလယ်ခံစစ်သမား ဇာကရီယာကို ခေါ်ယူရန် အာဆင်နယ် ချိန်ရွယ်နေ

မိုချန်ဂလာဘတ်အသင်းမှ ကွင်းလယ်ခံစစ်သမား ဇာကရီယာကို ခေါ်ယူရန် အာဆင်နယ် ချိန်ရွယ်နေ
Photo: Getty Images
Photo: Getty Images
Published 31 October 2021

 

အာဆင်နယ်အသင်းသည် မိုချန်ဂလာဘတ်အသင်းမှ ဆွစ်ဇာလန်ကွင်းလယ်ခံစစ်ကစားသမား ဇာကရီယာကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် ဇာကရီယာ(၂၄ နှစ်)ကို ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီကတည်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်း၏ စာချုပ်မှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် ပြိုင်ဘက်များထက် လက်ဦးမှုယူနိုင်ရန် စီစဉ်လာခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းသည် ဇန်နဝါရီတွင် ဇာကရီယာအား ပြောင်းရွှေ့ကြေး အနည်းငယ်ဖြင့် ကမ်းလှမ်းမည်ဖြစ်ပြီး အဆင်မပြေပါက ကြိုတင်သဘောတူညီမှုယူနိုင်ရန် ကြိုးပမ်းမည်ဟု သိရသည်။

Most Read

Most Recent