စင်ကာပူနိုင်ငံတွင် ဒီဇင်ဘာအတွင်းကျင်းပမည့် ONE-X ပွဲစဉ်ကို ၂၀၂၂ ခုနှစ်အစောပိုင်းသို့ ရွှေ့ဆိုင်းခဲ့ရပြေီး အောင်လအန်ဆန်၏ ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်ဖွယ်ရှိ

စင်ကာပူနိုင်ငံတွင် ဒီဇင်ဘာအတွင်းကျင်းပမည့် ONE-X ပွဲစဉ်ကို ၂၀၂၂ ခုနှစ်အစောပိုင်းသို့ ရွှေ့ဆိုင်းခဲ့ရပြေီး အောင်လအန်ဆန်၏ ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်ဖွယ်ရှိ
Photo: One Championship
Photo: One Championship
Published 31 October 2021

 

ONE Championship ၏ CEO ဖြစ်သူ ချက်ထရီက လာမည့်ဒီဇင်ဘာလအတွင်း စင်ကာပူနိုင်ငံတွင်ကျင်းပမည့် ONE-X  ပွဲစဉ်ကို ၂၀၂၂ အစောပိုင်းသို့ ရွှေ့ဆိုင်းထားကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အတည်ပြုခဲ့ပြီး အောင်လအန်ဆန်၏ တစ်ကျော့ပြန် မစ်ဒယ်ဝိတ်တန်းချန်ပီယံစိန်ခေါ် ပွဲ ပါဝင်ဖွယ်ရှိနေကြောင်း သိရသည်။

ONE Championship ၏ CEO ချက်ထရီ သည် ONE-X  ပွဲစဉ်အား ONE Championship ပြိုင်ပွဲတည်ထောက်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အထူးခြားဆုံးတွဲဆိုင်းများကို ထည့်သွင်းသွားရန် စီစဉ်ထားကြောင်း သိရသည်။ 

"စင်ကာပှုနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ မြင့်တက်လာတာကြောင့် ဒီဇင်ဘာလထဲမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ONE-X ပွဲစဉ်ကို လာမယ့်နှစ်အစောပိုင်းမှာ ပြောင်းလဲကျင်းပသွားဖို့ လျာထားပါတယ်။ အစိုးရရဲ့ အကောင်းမွန်ဆုံး ကိုင်တွယ်နိုင်မှုတွေကြောင့် မကြာခင်မှာ ပြိုင်ပွဲတွေကို ပုံမှန်အတိုင်း ပြန်လည်ကျင်းပနိုင်မယ်လို့ ယုံကြည်ပါတယ်။အခုကျင်းပမယ့် ONE-X ပြိုင်ပွဲဟာ ONE Championship ရဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သလို ကျွန်တော်တို့ရဲ့ပြိုင်ပွဲသမိုင်းမှာ အကြီးမားဆုံး  ပွဲစဉ်ဖြစ်လာမှာပါ။ လက်ရှိကြေညာထားတဲ့ တွဲဆိုင်းတွေအပြင် ပရိသတ်တွေ စောင့်မျှော်နေတဲ့ မထင်မှတ်ထားတဲ့ တွဲဆိုင်းတွေကိုလည်းမကြာခင်မှာ ကြေညာသွားဖို့ရှိပါတယ်။ အဲဒီလိုကြေညာဖို့အတွက်လည်း ကျွန်တော့် အနေနဲ့ မစောင့်နိုင်အောင် ဖြစ်ရပါတယ်" ဟု ONE CEO ချက်ထရီက သူ၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ONE လိုက်ဟဲဗီးဝိတ်တန်းနှင့် ONE မစ်ဒယ်ဝိတ်တန်းတို့ကို လက်လွှတ်ထားရသော အောင်လအန်ဆန်အနေဖြင့်လည်း ONE-X ပြိုင်ပွဲ၌ ၎င်း၏ တစ်ကျော့ပြန် မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲကိုပါဝင် ထိုးသတ်ရဖွယ်ရှိကြောင်း သတင်းများထွက် ပေါ်လျက်ရှိသည်။ အောင်လအန်ဆန်၏ တစ်ကျော့ပြန် မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန် ခေါ်ပွဲနှင့်ပတ်သက်ပြီး ဒီဇင်ဘာလအတွင်း ဖြစ်နိုင်ဖွယ်ရှိကြောင်းလည်း မူလက သတင်း များထွက်ပေါ်ခဲ့သေးကြောင်း သိရသည်။

ONE Championship အနေဖြင့် ONE-X  ပြိုင်ပွဲတွင် Special Rules အဖြစ် UFC ဖလိုက်ဝိတ်တန်းချန်ပီယံဟောင်းဖြစ်သူ ဒီမီစထရက်ဂျွန်ဆင်နှင့် မွေထိုင်းဖိိုက်တာ ရော့တိုင်တို့၏ တွဲဆိုင်းကိုထည့်သွင်းထားသလို ဘီဗီယာနိုဖာနန်ဒက်နှင့် လန်ကာတို့၏ တွဲဆိုင်း၊ ဖယ်သာဝိတ်တန်း လက်ရှိချန်ပီယံ ထန်လီနှင့် တိုနွန်တို့၏တွဲဆိုင်း ပါဝင်မည်ဖြစ်ကြောင်းကိုလည်း ကြေညာထားသည်။ 

Most Read

Most Recent