ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ပြည်တွင်းအခွန်ဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးရှေ့တွင် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ယင်းနေရာအနီးနေထိုင်သူများထံမှ သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
ကုန်သည်လမ်းပေါ်တွင် ဈေးရောင်းချသူတစ်ဦးက " ကုန်သည်လမ်းပေါ်က အခွန်ရုံးရှေ့နားမှာ ပေါက်တာ။ တစ်ကြိမ်ပါပဲ။ အဲ့နားမှာ ဈေးရောင်းတဲ့သူတွေရှိတယ်။ လူထိတာတော့မရှိဘူး " ဟုပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာနှင့် မျက်နှာချင်းဆိုင် မဟာဗန္ဓုလပန်းခြံထောင့် အများပြည်သူသုံးသန့်စင်ခန်းအနီး မဟာဗန္ဓုလပန်းခြံလမ်းတွင်လည်း ဩဂုတ်လအတွင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။















