မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းခြေစောင့်တပ် ဖွဲ့စည်းခြင်းနှင့် တပ်တော်ဝင် အခမ်းအနားကို သီလဝါ အမှတ် (၃) ဆိပ်ခံတံတား၌ ပြုလုပ်ခဲ့ပြီး ကမ်းခြေစောင့်တပ်အား စစ်ရေယာဉ်လေးစင်း လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းခြေစောင့်တပ် ဖွဲ့စည်းခြင်းနှင့် တပ်တော်ဝင် အခမ်းအနားကို သီလဝါ အမှတ် (၃) ဆိပ်ခံတံတား၌ ပြုလုပ်ခဲ့ပြီး ကမ်းခြေစောင့်တပ်အား စစ်ရေယာဉ်လေးစင်း လွှဲပြောင်းပေးအပ်
Published 6 October 2021

မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းခြေစောင့်တပ် ဖွဲ့စည်းခြင်းအခမ်းအနားနှင့် အဆိုပါ ကမ်းခြေစောင့်တပ်အား စစ်ရေယာဉ်လေးစင်း လွှဲပြောင်းပေးအပ်ခြင်းအနားကို အောက်တိုဘာ ၆ ရက်တွင် သီလဝါအမှတ် (၃) ဆိပ်ခံတံတား၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ကမ်းခြေစောင့်တပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် စစ်ရေယာဉ်များကို ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တပ်မတော် (ရေ) စစ်ရေယာဉ် ကိုးစင်း၊ တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ် ကိုးစင်းတို့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်ပြုမောင်းနှင် အလေးပြု ချီတက် ခဲ့ကြသည်။

တပ်မတော် (ရေ) မှ စစ်ရေယာဉ် ကိုးစင်းတွင် စစ်ရေယာဉ် (အောင်ဇေယျ)၊ ဖရီးဂိတ် စစ်ရေယာဉ် နှစ်စင်း၊ ကော်ဗက် စစ်ရေယာဉ် တစ်စင်း၊  ၆၃ မီတာ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ်နှစ်စင်း၊ ၄၉ မီတာ ကိုယ်ပျောက် အမြန်သွားတိုက်ခိုက်ရေးရေယာဉ် (ဒုံးပျံ) နှစ်စင်း၊ ၄၇ မီတာ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်တစ်စင်း (ဒုံးပျံ)၊ ၄၅ မီတာ အမြန်သွား တိုက်ခိုက်ရေးရေယာဉ် (အမြောက်) တို့ ပါဝင်ခဲ့သည်။

တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ် ကိုးစင်းတွင် Eurocopter ရဟတ်ယာဉ် သုံးစင်း၊ ATR 72 သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စင်း၊ ATR 42 ပင်လယ်ပြင် ကင်းထောက်လေယာဉ် နှစ်စင်းနှင့် JF-17 ဘက်စုံသုံး အပေါ့စား ဂျက်တိုက်ခိုက်ရေး လေယာဉ် သုံးစင်းတို့ ပါဝင်ခဲ့သည်။

 

Most Read

Most Recent