မိမိကို မန်ယူအသင်း စောင့်ကြည့်နေရန် မျှော်လင့်သည်ဟု အက်ဒို ဆို

မိမိကို မန်ယူအသင်း စောင့်ကြည့်နေရန် မျှော်လင့်သည်ဟု အက်ဒို ဆို
Photo: Getty Images
Photo: Getty Images
Published 4 October 2021

    မော်လ်ဒိုဗာကလပ် ရှာရစ်ဖ်အသင်းမှ ဂါနာကွင်းလယ်ကစားသမား အက်ဒိုက မိမိကို မန်ယူအသင်း စောင့်ကြည့်နေရန် မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။

ယခုရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ စတင်ယှဉ်ပြိုင်ခွင့်ရသည့် ရှာရစ်ဖ်အသင်းသည် ရှက်တာဒိုးနက်နှင့် ရီးယဲလ်တို့ကို နှစ်ပွဲဆက် အနိုင်ရထားသည်။

ယင်းအခြေအနေတွင် အက်ဒိုက ''ကျွန်တော့်အိပ်မက်က မန်ယူမှာ ကစားဖို့ပါ။ ဒီအခွင့်အရေးအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ဖို့လည်း ပြင်းပြင်းထန်ထန်ကြိုးစားနေပါတယ်။ ကျွန်တော့်ကို မန်ယူအသင်း စောင့်ကြည့်နေဖို့  မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

အက်ဒို(၂၁ နှစ်)သည် ယခုနွေရာသီတွင်မှ ရှာရစ်ဖ်အသင်းထံ ရောက်ရှိခဲ့သူလည်းဖြစ်သည်။

Most Read

Most Recent