■ မက်ဆီ၊ နေမာနှင့် ဘာပေတို့ ပွဲထွက်ခဲ့သော်လည်း ဂိုးပေါက်တည့် အခွင့်အရေးပင် မရရှိဘဲ PSG အသင်း ရှုံးပွဲကြုံတွေ့ခဲ့

■ မက်ဆီ၊ နေမာနှင့် ဘာပေတို့ ပွဲထွက်ခဲ့သော်လည်း ဂိုးပေါက်တည့် အခွင့်အရေးပင် မရရှိဘဲ PSG အသင်း ရှုံးပွဲကြုံတွေ့ခဲ့
Published 4 October 2021

PSG အသင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်လီဂူးပွဲတွင် မက်ဆီ၊ နေမာနှင့် ဘာပေတို့ ပွဲထွက်ခဲ့သော်လည်း ဂိုးပေါက်တည့်အခွင့်အရေးပင်မရရှိဘဲ ရန်းစ်အသင်းကို (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် လူမှုကွန်ရက်တွင် လှောင်ပြောင်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

PSG အသင်းသည် ယခုပွဲမတိုင်မီ ပြင်သစ်လီဂူးပြိုင်ပွဲ၌ ပွဲတိုင်းရာနှုန်းပြည့်အနိုင်ရထားခဲ့ပြီး ယခုပွဲမှ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ 

PSG နည်းပြ ပိုချက်တီနိုသည် ယင်းပွဲ၌ နေမာကိုသာ လူစားလဲခဲ့ပြီး မက်ဆီ၊ ဘာပေနှင့် ဒီမာရီယာတို့ကို ပွဲချိန်ပြည့် အသုံးပြုခဲ့သော်လည်း တစ်ဂိုးမျှ ပြန်မသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့သည့်အတွက် လှောင်ပြောင်ခံရခြင်းလည်းဖြစ်သည်။  

ပရိသတ်များက မက်ဆီကို ဦးတည်ကာ လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြပြီး Messi Effect က PSG အသင်းကို ဆိုးရွားသည့် တိုက်စစ်မှတ်တမ်းပိုင်ဆိုင်စေခဲ့ပြီဟု ပရိသတ်တစ်ဦးက Twitter တွင် ရေးသားခဲ့သည်။ 

အခြားပရိသတ်တစ်ဦးကလည်း မက်ဆီသည် PSG အသင်းကို ကွင်းတွင်းစွမ်းဆောင်ရည်ပိုင်း၌ တိုးတက်မှုရှိလာအောင် ကူညီပေးနိုင်ခြင်းမရှိသေးကြောင်း၊ ပထမဆုံးအကြိမ် မက်ဆီ ပွဲချိန်ပြည့်ကစားသည့် ပြင်သစ်လီဂူးပွဲတွင်ပင် ဂိုးပေါက်တည့်အခွင့်အရေး မရရှိသည့်အခြေအနေ ဖြစ်လာခဲ့ကြောင်း ဝေဖန်ရေးသားခဲ့သည်။ 

မက်ဆီသည် ယင်းပွဲတွင် ဂိုးသွင်းယူနိုင်ရန် နီးစပ်ခဲ့သော်လည်း ဖရီးကစ်ကန်ချက် ဘားတန်းထိထွက်ခဲ့ခြင်းဖြစ်ပြီး PSG ကစားသမားဘဝတွင် (၃)ကြိမ်မြောက် ဘားတန်း/ဂိုးတိုင်ထိခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ 

မက်ဆီသည် PSG အသင်းအတွက် ပြိုင်ပွဲစုံ(၅)ပွဲ ယှဉ်ပြိုင်ကစားအပြီးတွင် တစ်ဂိုးသာ သွင်းယူနိုင်သေးပြီး ပြင်သစ်လိဂ်တွင် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပေ။

Most Read

Most Recent