၁၉၉၈ ကမ္ဘာ့ဖလားဟာ ရော်နယ်လ်ဒိုဆီ ခပ်ကြမ်းကြမ်းတိုးဝင်လာတဲ့ ငရဲပဲ။ မျှော်လင့်ခြင်းများစွာပိကျနေတဲ့ ဘရာဇီးလ်သားတစ်ဦးဆီ နတ်ဆိုးဟာ အပေါင်းနဲ့အသင်းနဲ့ တိုက်ခတ်ခဲ့ပေါ့။ သွင်းဂိုးများစွာ၊ စံချိန်မှတ်တမ်းများစွာ၊ တစ်ဦးချင်းဆုတံဆိပ်များစွာ ပိုင်ဆိုင်ခဲ့သူအတွက် ၁၉၉၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီမှာ ဝက်ရူးပြန်သူတစ်ဦးလို ခံစားစေရတာဟာ သိပ်ပြီးရက်စက်တဲ့ ကံကြမ္မာမျိုးမဟုတ်လား။ သူကိုယ်တိုင်သာမကဘဲ ဘရာဇီးလ်အသင်းလည်း ဂိုးပြတ်အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာဟာ ရော်နယ်လ်ဒိုအတွက် Trauma ပါပဲ။ အဲဒီ နောက်ပိုင်း သူ့အတွက် ကံကြမ္မာဆိုးတွေ၊ Trauma တွေဟာ မရပ်တန့်ခဲ့ဘူး။ ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်မှာ သူ ဒူးဒဏ်ရာပြင်းထန်စွာရခဲ့ပြီး အမှောင်ထဲ သက်ဆင်းခဲ့ရပြန်တယ်။ လက်ချီအသင်းနဲ့ပွဲမှာ ရခဲ့တဲ့ဒူးဒဏ်ရာဟာ ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်။ (၅)လကြာ ပြန်လည်ထူထောင်ရေးကာလထဲ နစ်မွန်းခဲ့ရတယ်။
R9 ကို ပြန်လည်ခံစားခြင်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















