ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 3 October 2021

ခရစ္စတယ်ပဲလေ့စ် - လက်စတာ (တနင်္ဂနွေည ရး၃၀ နာရီ)

အကြိတ်အနယ်ကစားရမယ့် ပွဲတစ်ပွဲလို့ ယူဆရတယ်။ လက်စတာကို အသင်းကြီး တစ်သင်းလို အနေအထားမျိုးနဲ့ ပဲလေ့စ်ကွင်းမှာ အနိုင်ယူမယ့်အသင်းမျိုးလို့ ခံစားလို့ မ လွယ်သေးဘူး။ ဒီရာသီမှာ ရလဒ်တွေက ယိမ်းယိုင်နေပြီး၊ ဒီပွဲမှာလည်း အခွင့်အရေးက (၅၀-၅၀)ပါပဲ။ ပဲလေ့စ်က လက်စတာကို ဒုက္ခပေးနိုင်တဲ့အနေအထားမျိုးရှိပြီး ဒီပွဲက သရေ ပွဲနဲ့ အဆုံးသတ်သွားဖို့များတယ်။

စပါး - အက်စတွန်ဗီလာ (တနင်္ဂနွေည ရး၃၀ နာရီ)

စပါးက (၃)ပွဲဆက်အရှုံးကို ရပ်တန့်ဖို့ ကြိုးစားရမယ့်အချိန်မှာ ဗီလာလိုအသင်း ကောင်းတစ်သင်းနဲ့ ဆုံတွေ့နေခြင်းဖြစ်တယ်။ ဗီလာကလည်း နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်ယူကို အနိုင်ယူထားတဲ့အသင်းဖြစ်တယ်။ ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ မြင့်တက် နေတယ်။ ဒါပေမဲ့ အကောင်းဆုံးပုံစံကို ပွဲတိုင်းထိန်းနိုင်တဲ့အသင်းမျိုးက လက်ချိုးရေလို့ရ ပါတယ်။ စပါးကလည်း ရုန်းကန်တော့မယ့်အနေအထားဖြစ်လို့ စပါးကို ကြိုက်တယ်။

ဝက်စ်ဟမ်း - ဘရန့်ဖို့ဒ်  (တနင်္ဂနွေည ရး၃၀ နာရီ)

လန်ဒန်အသင်းနှစ်သင်းရဲ့ပွဲဖြစ်ပြီး နှစ်သင်းစလုံးကလည်း ပုံစံကောင်းပြနေတယ်။ ဝက်စ်ဟမ်းက ပိုမိုတည်ငြိမ်ပြီး စိတ်ချရတဲ့အသင်းဖြစ်တယ်။ ဘရန့်ဖို့ဒ်ကတော့ လက်ရှိအ ချိန်မှာ မာကျောပြီး စုစည်းမှုအားကောင်းတဲ့အနေအထားဖြစ်တယ်။ ဝက်စ်ဟမ်းအသင်း ရဲ့တိုက်စစ်က ပြန်ကောင်းလာတဲ့အတွက် ဂိုးရဖို့ မခက်ပါဘူး။ ဒါပေမဲ့ ဘရန့်ဖို့ဒ်တိုက်စစ် ကလည်း ဂိုးရနိုင်တယ်။ ဝက်စ်ဟမ်း (၂-၁) ဘရန့်ဖို့ဒ် လောက်ဖြစ်မယ်ထင်တယ်။

လီဗာပူးလ် - မန်စီးတီး (တနင်္ဂနွေည ၁၀း၀၀ နာရီ)

လီဗာပူးလ်က အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်စီးတီးအသင်းထက် (၁)မှတ်အသာနဲ့ ဦးဆောင်နေတယ်။ အဝေးကွင်းမှာ မန်စီးတီးက အနိုင်ရခဲ့ရင် လီဗာပူးလ်ကို ပြန်ကျော်တက်နိုင်မှာဖြစ်တယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းနဲ့ ကစားခဲ့ပြီး နိုင် ပွဲရခဲ့တယ်။ ချယ်လ်ဆီးနဲ့ပွဲအပြီး PSG နဲ့ ဆက်ကစားခဲ့ရပြီး ရှုံးပွဲတွေ့ခဲ့တယ်။ နှစ်ပွဲစလုံးမှာ မန်စီးတီးအသင်းရဲ့ ကစားပုံက တော်တော်လေးအားကောင်းခဲ့တယ်။ ပွဲကျပ်တွေ ဆက်တိုက်ကစားနေလို့ ပွဲပန်းတဲ့ပြဿနာရှိနိုင်ပေမဲ့ အလှည့်အပြောင်း လုပ်ဖို့ လုံလောက်တဲ့ လူစာရင်းရှိပါတယ်။ လီဗာပူးလ်ကလည်း ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ခြေချော်ခဲ့ပေမဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ပေါ် တိုလိုအသင်းမျိုးကို ဂိုးမိုးရွာနိုင်ခဲ့တယ်။ လက်ရှိခြေစွမ်းအရတော့ နှစ်သင်းစလုံးမှာ အားသာချက်၊ အားနည်းချက်ကိုယ်စီရှိ ပါတယ်။ မန်စီးတီးကစားတာက ပိုတည်ငြိမ်ပြီး ပိုဆွဲဆောင်မှုရှိပေမဲ့ လီဗာပူးလ်ရဲ့ မာကျောမှုနဲ့ တိုက်စစ်ထက်မြက်မှုကိုလည်း လျှော့မတွက်သင့်ဘူး။ လီဗာပူးလ်ကို ကြိုက်တယ်။

Most Read

Most Recent