လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက် 

လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 2 October 2021

အိုဆာဆူနာ - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၆:၃၀ နာရီ)

နှစ်သင်းစလုံး တိုက်စစ်အစွမ်းတွေ ပြနေကြတယ်။ ဒါပေမဲ့ အိုဆာဆူနာရဲ့ခြေစွမ်းက အတက်အကျရှိနေသေးပြီး ဗယ်လက်ကာနိုကတော့ အတက်ဘက်ကို ပြနေတယ်။ အိုဆာဆူနာ အိမ်ရှင်ဆိုပေမဲ့ ဗယ်လက်ကာနိုနဲ့ ဂိုးအများပဲ ကြိုက်တယ်။

မာယော့ကာ - လီဗန်တေး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၈:၄၅ နာရီ)

မာယော့ကာရဲ့အိမ်ကွင်းကစားပုံမဆိုးလှပေမဲ့ နောက်ဆုံး (၂)ပွဲမှာ (၈)ဂိုးအထိပေးထားရတာကို ပြန်ပြင်ဆင်နိုင်ဖို့ လိုတယ်။ အဝေးကွင်းထိန်းကစားတဲ့ လီဗန်တေးရဲ့ကစားပုံကြောင့် ဒီပွဲက သရေပွဲဖြစ်ဖို့များလိမ့်မယ်ထင်တယ်။ ဂိုးနည်းမယ်။

ကာဒစ်ဇ် - ဗလင်စီယာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၁၁:၀၀ နာရီ)

ကာဒစ်ဇ်ဟာ အစဉ်အလာအရတော့ ဗလင်စီယာကို ကောင်းကောင်းရင်ဆိုင်နိုင်ပေမဲ့ ဒီရာသီမှာ ကာဒစ်ဇ်အိမ်ကွင်း ကစားပုံလျော့နေသေးတယ်။ ဗလင်စီယာကလည်း (၃)ပွဲဆက် နိုင်ပွဲပျောက်သွားမှုကို ရပ်တန့်ပစ်ဖို့ ကြိုးစားလာနိုင်လို့ ကာဒစ်ဇ်အတွက် ရင်ဆိုင်ရခက်မယ့်ပြိုင်ဘက်မျိုး ဖြစ်နေတယ်။ အိမ်ကွင်းခံစစ်ကစားပုံ အားနည်းနေတာကလည်း ကာဒစ်ဇ်အတွက် ဗလင်စီယာလိုအသင်းတိုက်စစ်ကို ထိန်းချုပ်နိုင်ရေးက စိန်ခေါ်မှုလို ဖြစ်နေဦးမှာပဲ။ အဝေးကွင်းဖြစ်ပေမဲ့ ဗလင်စီယာနဲ့ ဂိုးအများပဲ ကြိုက်တယ်။

အက်သလက်တီကို - ဘာစီလိုနာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၃ ရက် နံနက် ၁:၃၀ နာရီ)

အက်သလက်တီကိုကို ဘာစီလိုနာ အနိုင်ရဖို့ခက်လာနေတာ တွေ့ရပြီး နောက်ဆုံး(၂)ရာသီဆက်တိုက် နိုင်ပွဲပျောက်ခဲ့တယ်။ အခုတစ်ကြိမ်လည်း ဘာစီလိုနာခြေစွမ်းက စိတ်ချလို့မရသေးသလို၊ အဝေးကွင်းစွမ်းရည်က အားရစရာမရှိလှဘူး။ အဝေးကွင်းနိုင်ပွဲလည်း မရှိသေးဘူး။ ဘာစီလိုနာထက်စာရင် အက်သလက်တီကိုက ပိုတောင့်တင်းတဲ့ခြေစွမ်းမျိုး ရှိနေတယ်လို့ဆိုနိုင်ပေမဲ့ အခုတလောတော့ အက်သလက်တီကို နည်းနည်းပြန်လျော့နေသလို တွေ့ရတယ်။ ဘာစီလိုနာကတော့ လီဗန်တေးကို အနိုင်ရတဲ့ပွဲမှာ အကယ်ဒမီထွက်လူငယ်တွေနဲ့ ပုံစံကောင်းရထားပေမဲ့ ဒီပွဲမှာ ဒဏ်ရာသက်သာလာတဲ့ ပတ်ဒရီ၊ ပွဲပယ်ပြစ်ဒဏ်က လွတ်လာတဲ့ ဒီယွန်းတို့ ပြန်ကစားခဲ့ရင် လူထုတ်ပုံအပြောင်းအလဲနဲ့ ခြေစွမ်းပိုင်းပါ ပြောင်းလဲသွားနိုင်သေးတယ်။ နောက်ပြီး အဝေးကွင်းလည်း ဖြစ်နေတာက ဘာစီလိုနာကို သိပ်ပြီးမျှော်လင့်မထားသင့်သေးသလို ဖြစ်နေသေးတယ်။ ဘာစီလိုနာ အမြင့်ဆုံးမျှော်လင့်နိုင်ရင် သရေရလဒ်ပဲ ဖြစ်နိုင်လိမ့်မယ်။ ဂိုးလည်း နည်းမယ်။

Most Read

Most Recent