စီရော်နယ်လ်ဒိုသည် အားလုံးအတွက် စံနမူနာယူစရာကစားသမားဖြစ်ကြောင်း ဆိုးလ်ရှား ချီးကျူး

စီရော်နယ်လ်ဒိုသည် အားလုံးအတွက် စံနမူနာယူစရာကစားသမားဖြစ်ကြောင်း ဆိုးလ်ရှား ချီးကျူး
Photo: Getty Images
Photo: Getty Images
Published 2 October 2021

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာ အားလုံးအတွက် စံနမူနာယူစရာကစားသမား ဖြစ်ကြောင်း ချီးကျူးခဲ့သည်။ 

အသက် (၃၆)နှစ်ကျော်ပြီဖြစ်သည့် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ်အသင်းမှ မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး အသင်းတွင် ခြေစွမ်းပြကစားနေသူဖြစ်သည်။ 

ထို့ကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက စီရော်နယ်လ်ဒို၏ သက်ရောက်မှုမှာ ကြီးမားပြီး ယခုကဲ့သို့ ခြေစွမ်းဆက်ပြနိုင်ဦးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဆိုးလ်ရှားက "စီရော်နယ်လ်ဒိုဟာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမားဖြစ်ပြီး ကွင်းတွင်း ကွင်းပြင် သက်ရောက်မှု ကြီးမားသူပါ။ (၅)ပွဲကစား (၅)ဂိုး သွင်းထားတာက သူဟာ ဘယ်လိုကစားသမားလဲဆိုတာကို ပြသနေတာပါ။ အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပေမဲ့ စီရော်နယ်လ်ဒိုဟာ ကြံ့ခိုင်မှုအပြည့်ရှိသူဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ သူ ခြေစွမ်းပြနိုင်အောင် ကူညီရမှာပါ။ စီရော်နယ်လ်ဒိုဟာ အားလုံး စံနမူနာယူရမယ့် ကစားသမားဖြစ်ပါတယ်။ အသင်းအပေါ် စီရော်နယ်လ်ဒိုရဲ့သက်ရောက်မှုက ကြီးမားပြီး သူ့အနေနဲ့ ဆက်လက်ပြီး ခြေစွမ်းပြနိုင်ဦးမယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် မန်ချက်စတာယူနိုက်တက်အသင်းတွင် ပထမအကြိမ်အဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ (၆)နှစ်ကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၂၉၂)ပွဲတွင် (၁၁၈)ဂိုး သွင်းယူခဲ့ကာ အသင်းနှင့်အတူ ပရီးမီးယားလိဂ်(၃)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်အပါအဝင် ဆုဖလား (၉)လုံးအထိ ရယူနိုင်ခဲ့သည်။ 

မန်ချက်စတာယူနိုက်တက်အသင်းသို့ (၁၂)နှစ်အကြာတွင် ပြန်လည်ပြောင်းရွှေ့လာခဲ့သည့် စီရော်နယ်လ်ဒိုသည် ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ (၅)ပွဲတွင် (၅)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent