အန်နက်ဆီရီကို ခေါ်ယူရန်အတွက် လာကာဇက်အား အလိုက်ပေးကမ်းလှမ်းရန် အာဆင်နယ်အသင်း စီစဉ်

အန်နက်ဆီရီကို ခေါ်ယူရန်အတွက် လာကာဇက်အား အလိုက်ပေးကမ်းလှမ်းရန် အာဆင်နယ်အသင်း စီစဉ်
Photo: Daily Mail
Photo: Daily Mail
Published 1 October 2021

အာဆင်နယ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆီဗီလာတိုက်စစ်မှူး အန်နက်ဆီရီကို ခေါ်ယူရန်အတွက် အသင်းတိုက်စစ်မှူး လာကာဇက်ကို အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရှိရသည်။ 

အသက် (၂၄)နှစ်အရွယ်ရှိ မော်ရိုကိုလက်ရွေးစင်တိုက်စစ်မှူး အန်နက်ဆီရီသည် ဆီဗီလာအသင်းတွင် (၂)ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၈၅)ပွဲတွင် (၃၃)ဂိုး သွင်းယူထားသည်။ 

အာဆင်နယ်နည်းပြ အာတီတာသည် အသင်းတိုက်စစ်ပိုင်းကို အားဖြည့်ရန်အတွက် အန်နက်ဆီရီကို သဘောကျနေပြီး ၎င်း၏ပြောင်းရွှေ့ကြေးမှာ ပေါင် (၃၈.၅)သန်းဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ထို့ကြောင့် အာဆင်နယ်အသင်းသည် အန်နက်ဆီရီကို ခေါ်ယူရန်အတွက် အသင်းတိုက်စစ်မှူးတစ်ဦးဖြစ်သူ လာကာဇက်ကို အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း စပိန်သတင်းစာ La Razon က ဖော်ပြခဲ့သည်။ 

အသက် (၃၀)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး လာကာဇက်သည် အာဆင်နယ်အသင်းနှင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ အာဆင်နယ်အသင်းအနေဖြင့် လာမည့်နွေရာသီတွင် ၎င်းကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရဖွယ်ရှိနေသည်။ 

ထို့ကြောင့် အာဆင်နယ်အသင်းသည် အန်နက်ဆီရီကို ခေါ်ယူရာတွင် လာကာဇက်ကို အသုံးချသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent