မြောက်ဒဂုံ မြို့နယ်တွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု စက်တင်ဘာ ၃၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ ၃၀ ရက် ၊ ည ၇ နာရီခွဲခန့်တွင် မြောက်ဒဂုံ မြို့နယ် ၊ ၄၅ ရပ်ကွက် ၊ ပြည်ထောင်စုလမ်းမပေါ်တွင် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ အမျိုးသားအား လူတစ်ဦးမှ သေနတ်ဖြင့် ပစ်သွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါနေရာအနီး နေသူတစ်ဦးက ပြောကြားသည်။
“ပစ်သတ်ခံရတာ ကယ်ရီမောင်းတဲ့သူပါ။ညပိုင်းလောက်က ဖြစ်သွားတာ။ဖြစ်ပြီးတော့ လာစစ်တာတွေ ရှိတယ်” ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။
အခင်းဖြစ်ပွားသည့်နေရာမှာ ရဲစခန်းအနီးဝင်းကျင်ဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် စစ်ဆေးမှုများရှိခဲ့သည်။
စက်တင်ဘာ ၃၀ ရက် ၊ ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ၊ ဇေယျာသုခလမ်းတွင်လည်း ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့သည်။















