လှိုင်သာယာ မြို့နယ် BOC လမ်းဆုံရှိ ယာဉ်ထိန်းရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွား

လှိုင်သာယာ မြို့နယ် BOC လမ်းဆုံရှိ ယာဉ်ထိန်းရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွား
Published 29 September 2021

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် BOC လမ်းဆုံရှိ ယာဉ်ထိန်းရုံးပေါက်ကွဲမှု စက်တင်ဘာ ၂၉ ရက် နံနက် ၆ နာရီခွဲကျော်က ဖြစ်ပွားခဲ့ကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

" အုန်းဆို အသံအကျယ်ကြီး ကြားလိုက်ရတယ်။ပေါက်တာက boc လမ်းဆုံက ယာဉ်ထိန်းရုံးပါ။ထိခိုက်ဒဏ်ရာရတာတော့ မကြားမိဘူး " ဟု အနီးနေထိုင်သူများက ပြောကြားသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနော် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက လှိုင်မြို့နယ် မြတ်မေတ္တာမွန် ဆီဆိုင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Most Read

Most Recent