သန်လျင်မြို့နယ် ဗိုလ်ချုပ်ရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု စက်တင်ဘာ ၂၉ ရက် ၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ ၂၉ ရက် ၊ နံနက် ၈ နာရီခွဲကျော်ခန့်တွင် အမျိုးသားတစ်ဦးမှာ သန်လျင်မြို့နယ် ဗိုလ်ချုပ်ရွာရှိ ဆယ်ပြည့် ကပ်ကျော်အေး စေတီအနီးတွင် သေနတ်ဖြင့် ပစ်ခံခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါနေအနီးနေသူများထံမှ သိရသည်။
“မနက် ၈ နာရီခွဲကျော်လောက်က ဖြစ်တာ။သေတဲ့သူက ဗိုလ်ချုပ်ရွာမှာ နေတာပါ။ဘုရားရှေ့က လမ်းမပေါ်မှာ ပစ်ခံရတာ” ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။
အခင်းဖြစ်ပွားပြီးနောက်တွင် သန်လျင်မြို့အတွင်း စစ်ဆေးမှုများ ရှိခဲ့ကြောင်း သိရသည်။















