ဖားကန့်၊ လုံးခင်းရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတနာနယ်မြေတို့တွင် ကျောက်စိမ်းရိုင်း တူးဖော်ခြင်း လုပ်ငန်းများ လာမည့် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်လကုန်အထိ ဆက်လက် ရပ်ဆိုင်းမည်

ဖားကန့်၊ လုံးခင်းရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတနာနယ်မြေတို့တွင် ကျောက်စိမ်းရိုင်း တူးဖော်ခြင်း လုပ်ငန်းများ လာမည့် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်လကုန်အထိ ဆက်လက် ရပ်ဆိုင်းမည်
Published 28 September 2021

ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်ခြင်း လုပ်ငန်းကို ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဆောင်ရွက်နိုင်စေရန်အတွက် လည်း ကောင်း၊ ကျောက်မျက် သယံဇာတများကို ရေရှည် သုံးစွဲနိုင်ရန်အတွက် လည်းကောင်း၊ COVID-19 ရောဂါ ဖြစ်ပွားမှုကို  ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် လည်းကောင်း၊ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတနာနယ်မြေတို့တွင် ရပ်နားခဲ့သော  ကျောက်စိမ်းရိုင်း တူးဖော်ခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်လကုန်အထိ ယာယီ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက အသိပေး ကြေညာထားသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ ပြည်နယ် နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တု ဖက်စပ်လုပ်ကွက်များမှ  ရွှေ ၇၅၉ ဒသမ ၉၇၁ ထရိုင်အောင်စ ထုတ်လုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ၅၀၆ ဒသမ ၀၈၄ ထရိုင်အောင်စဖြင့် ရွှေအများဆုံး ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ် လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၇၈၃၄ ဒသမ ၁၆ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၅၇၃၄  ဒသမ ၂၆ အထိ အများဆုံး ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ် လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ် လုပ်ကွက်များမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၅၈၅ ဒသမ ၃၈ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၅၂ ဒသမ ၄၄ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၄၆၁ ဒသမ ၉၆၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၂၇ ဒသမ ၈၇၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၆၁၃ ဒသမ ၃၄၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၅၆၁ ဒသမ ၇၀၀ ထရိုင်အောင်စ၊ ဇွန်တွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စ နှင့် ဇူလိုင်တွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စ၊ သြဂုတ်တွင် ၅၆၀ ဒသမ ၀၁၀ ထရိုင်အောင်စနှင့် စက်တင်ဘာတွင် ၄၄၁ ဒသမ ၅၂၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တု ဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၈၆ ဒသမ ၅၅ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၉၈ ဒသမ ၄၂ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၁၂၃ ဒသမ ၁၈၀ ထရိုင်အောင်စနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ၄၂ ဒသမ ၇၄၀ ထရိုင်အောင်စ၊ မတ်တွင် ၃၆၉ ဒသမ ၈၅၀ ထရိုင်အောင်စ၊ မေတွင် ၁၀၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဇွန်တွင် ၂၁၄ ဒသမ ၀၂၀ ထရိုင်အောင်စ နှင့် ဇူလိုင်တွင် ၃၈၁ ဒသမ ၆၇၀ ထရိုင်အောင်စ၊ သြဂုတ်တွင် ၁၂ ဒသမ ၆၈၀ ထရိုင်အောင်စ၊ စက်တင်ဘာတွင် ၂၅၁ ဒသမ ၆၅၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အကြီးစား၊ အလတ်စား၊ အသေးစားနှင့် စမ်းသပ်လုပ်ကွက် အပါအဝင် စမ်းသပ်ဖြစ်မြောက် လုပ်ကွက်ပေါင်း ၁၂၀၀ နီးပါး ခွင့်ပြုမိန့် ထုတ်ပေးထားပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံး ခွင့်ပြုပေးထားကြောင်း သိရသည်။

Most Read

Most Recent