အစိုးရအဖွဲ့အစည်းများ အနေဖြင့်လည်း စက်သုံးဆီများသုံးစွဲမှု လျှော့ချနိုင်သည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်ရန်လိုပြီး လျှပ်စစ်ဘတ်စ်ကားများနှင့် လျှပ်စစ်အိမ်သုံးမော်တော်ယာဉ်များ အသုံးပြုနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြား

အစိုးရအဖွဲ့အစည်းများ အနေဖြင့်လည်း စက်သုံးဆီများသုံးစွဲမှု လျှော့ချနိုင်သည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်ရန်လိုပြီး လျှပ်စစ်ဘတ်စ်ကားများနှင့် လျှပ်စစ်အိမ်သုံးမော်တော်ယာဉ်များ အသုံးပြုနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြား
နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ကျင်းပစဉ်
နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ကျင်းပစဉ်
Published 28 September 2021

အစိုးရအဖွဲ့အစည်းများ အနေဖြင့်လည်း စက်သုံးဆီများသုံးစွဲမှု လျှော့ချနိုင်သည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်ရန်လိုပြီး လျှပ်စစ်ဘတ်စ်ကားများနှင့် လျှပ်စစ်အိမ်သုံးမော်တော်ယာဉ်များ အသုံးပြုနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၇ ရက်က ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လောင်စာဆီသုံးစွဲမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လောင်စာဆီသုံးစွဲမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့ နိုင်ငံအတွင်း ယခုနှစ် သြဂုတ်အထိ ကုန်တင်ယာဉ်နှင့် လူစီးမော်တော်ယာဉ် စုစုပေါင်း ၁၁၄၀၀၀၀ ကျော်၊ မော်တော်ဆိုင်ကယ် စုစုပေါင်း ၆၄၅၀၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါ ယာဉ်များအတွက် စက်သုံးဆီများအား ပြည်ပနိုင်ငံများမှ တန်ချိန်ပေါင်းများစွာ တင်သွင်းနေရကြောင်း၊ ထိုသို့ သုံးစွဲလျက်ရှိသည့် စက်သုံးဆီများ တင်သွင်းမှု လျှော့ချနိုင်ရေးအတွက် Public Transportation ဖြစ်သည့် ဘတ်စ်ကားများ၊ မြို့ပတ်ရထားများ၊ ခရီးဝေးရထားများ ပြေးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။ 

စက်သုံးဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးအတွက် လူတစ်ဦးချင်းအနေဖြင့် အသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ရန် လိုသကဲ့သို့ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရသည့် အစိုးရအဖွဲ့အစည်းများ အနေဖြင့်လည်း စက်သုံးဆီများ သုံးစွဲမှု လျှော့ချနိုင်သည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်ရန် လိုကြောင်း၊ လျှပ်စစ်ဓာတ်အားအသုံးပြု မောင်းနှင်ရသည့် ဘတ်စ်ကားများနှင့် အိမ်သုံး မော်တော်ယာဉ်များ အသုံးပြုနိုင်ရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်ရန် လိုကြောင်း၊ အချို့နိုင်ငံများတွင် လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များအား စတင်သုံးစွဲလျက် ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးနှင့် လေအားသုံးလျှပ်စစ် ထုတ်လုပ်ရေးများ ဆောင်ရွက်နိုင်သည့် အရင်းအမြစ်များ များစွာရှိကြောင်း၊ အဆိုပါ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များအား အသုံးချ၍ စက်သုံးဆီ သုံးစွဲမှုအား လျှော့ချနိုင်ရေး မဖြစ်မနေ ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့လျှော့ချနိုင်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent