ပြင်သစ်လီဂူးပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

ပြင်သစ်လီဂူးပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 25 September 2021

စိန့်အက်တီယန် - နိုက်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၉:၃၀ နာရီ)

အိမ်ကွင်းဆိုပေမဲ့ ဇယားအောက်နားကစိန့်အက်တီယန်အတွက် မျှော်လင့်ချက်နည်းပါတယ်။ နိုက်စ်က ခံစစ်၊ တိုက်စစ် အတည်ငြိမ်ဆုံးဖြစ်နေတဲ့အသင်းပါ။ နိုက်စ်ပဲနိုင်ပွဲယူမယ်။



စထရာဘိုး - လိုင်လီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၁၁:၃၀ နာရီ)

လိုင်လီအတွက် ခက်ခဲဦးမယ့်ပွဲစဉ်ပါပဲ။ စထရာဘိုးက အိမ်ကွင်းအားနဲ့ ကစားတဲ့အသင်းဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်းလည်း မဆိုးဘူးပြောရမယ်။ လိုင်လီက အဝေးကွင်းနိုင်ပွဲ မရသေးတဲ့အသင်းပါ။ စထရာဘိုး အနိမ့်ဆုံးသရေကစားမယ်။



လိုင်ယွန် - လော်ရီးယန့် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၆ ရက် နံနက် ၁:၃၀ နာရီ)

လိုင်ယွန်ကလည်း ဒီပွဲပြီးရင် ယူရိုပါလိဂ်ကစားဖို့ရှိနေတယ်။ လော်ရီယန့်က အဝေးကွင်းမှာ အမှတ်ရအောင်ခံကစားလေ့ရှိတဲ့အသင်းပါ။ သရေကျသွားဖို့များနေတယ်။



PSG - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၆ ရက် နံနက် ၁:၃၀ နာရီ)

ဒီပွဲပြီးရင် ကစားရမယ့် မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲအပေါ် PSG အာရုံပိုရောက်နေနိုင်တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာကစားရမှာဖြစ်သလို၊ ကစားသမားအင်အားအရလည်း လိုသလို ပြောင်းလဲအသုံးပြုနိုင်လို့ ဖိအားတော့ ကြီးကြီးမားမားရှိမယ်မထင်ဘူး။ မောင့်ပယ်လီယာကတော့ ခြေစွမ်းမဆိုးသလို၊ အဝေးကွင်းမှာ ခံကစားလာနိုင်တဲ့ အရည်အသွေးမျိုးရှိတယ်။ တိုက်စစ်က ဂိုးသွင်းနိုင်ပြီး လျင်မြန်တဲ့တန်ပြန်တိုက်စစ်ကစားပုံက PSG ကို ဒုက္ခပေးနိုင်ပါတယ်။ PSG ကတော့ ထိပ်ဆုံးနေရာအတွက် ဖိအားမရှိပါဘူး။ မထင်မှတ်ဘဲ သရေကျသွားနိုင်ပြီး၊ PSG နိုင်မယ်ဆိုရင်တောင် ကပ်နိုင်လောက်ပဲဖြစ်လိမ့်မယ်။

Most Read

Most Recent