ဘွန်ဒစ်လီဂါပွဲစဉ် (၆)  ပွဲကြိုသုံးသပ်ချက် 

ဘွန်ဒစ်လီဂါပွဲစဉ် (၆)  ပွဲကြိုသုံးသပ်ချက် 
Photo: AP
Photo: AP
Published 25 September 2021

လိုက်ပ်ဇစ် - ဟာသာဘာလင် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၈:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်း ရလဒ်ဆိုးတွေကနေ ရုန်းထွက်ရတော့မှာပါ။ ဒီပွဲပြီးရင် ချန်ပီယံလိဂ်ပွဲ ကစားရဖို့ရှိပေမဲ့ ကလပ်ဘရုဂေးအသင်းနဲ့သာ ကစားရမှာဖြစ်လို့ ဘွန်ဒစ်လီဂါဘက်ကို ပိုအာရုံစိုက်နိုင်မယ့် အနေအထားရှိတယ်။ ဟာသာဘာလင်အသင်း နိုင်ပွဲဆက်လာပေမဲ့ တန်းတက်အသင်းတွေနဲ့ကစားခဲ့ရတာကို ထည့်တွက်ရမယ်။ လိုက်ပ်ဇစ် ဂိုးပြတ်နိုင်ဖို့များတယ်။



ဖရန့်ဖတ် - ကိုလုံး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၈:၀၀ နာရီ)

ကိုလုံးအသင်းက ဒီရာသီမှာ ဘိုင်ယန်တစ်သင်းတည်းကိုသာ ကပ်ရှုံးထားတဲ့အသင်းပါ။ ဖရန့်ဖတ်ကတော့ နိုင်ပွဲလိုနေပြီဖြစ်လို့ အိမ်ရှင်ဘက်ကပဲ ရပ်တည်သင့်တယ်။



လေဗာကူဆင် - မိန့်ဇ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၈:၀၀ နာရီ)

လေဗာကူဆင်အသင်းက အခုရာသီမှာ တန်းတစ်ခုကို ရောက်နေပြီဆိုတာ ရလဒ်တွေက သက်သေပြနေတယ်။ ပြီးခဲ့တဲ့ စတုဂတ်နဲ့ပွဲမှာလည်း မိနစ်(၆၀)ဝန်းကျင်လောက် ကစား သမားတစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမဲ့ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တာ သတိပြုရမှာပါ။ ပက်သရစ်ရှစ်ခ်၊ ဗက်ဇ်၊ ဒီယာဘီတို့က စားနေတဲ့ လေဗာကူဆင်ရဲ့ လက်ရှိတိုက်စစ်က အကောင်းဆုံးပုံစံရနေပြီး ဘိုင်ယန်၊ ဒေါ့မွန်တို့နဲ့ ယှဉ်နိုင်လောက်တဲ့အနေအထားမှာရှိတယ်။ မိန့်ဇ်ကလည်း ဒီရာသီအဖွင့်ပွဲတွေမှာ ရလဒ်ကောင်းနေပြီး ခံစစ်မာကျောမှုရှိတဲ့အသင်းပါ။ လေဗာကူဆင်ပဲ နိုင်ပွဲဆက်ဖို့များတယ်။ 



အူန်ယွန်းဘာလင် - အာမီးနီးယား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၈:၀၀ နာရီ)

အူန်ယွန်းဘာလင်အသင်း ရှုံးပွဲစတွေ့ထားပေမဲ့ ကစားသမားစုဖွဲ့မှုပိုင်းမှာတော့ အာမီးနီးယားထက် နှာတစ်ဖျားသာနေတယ်။ အူန်ယွန်းဘာလင်ပဲ နိုင်မှာပါ။ 



ဟော်ဖန်ဟင်မ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၈:၀၀ နာရီ)

ဟော်ဖန်ဟင်မ်အသင်းက ရာသီအဖွင့်ပွဲမှာ ဂိုးပြတ်အနိုင်ရပြီးကတည်းက (၄)ပွဲဆက် နိုင်ပွဲပျောက်နေတယ်။ ဝုလ်ဖ်ဘတ် အနိမ့်ဆုံးသရေကစားမယ်။



မိုချန်ဂလာဘတ် - ဒေါ့မွန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၁၁:၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်းနဲ့ ပြိုင်ပွဲစုံနောက်ဆုံးတွေ့ဆုံမှု (၁၄)ပွဲမှာ ဒေါ့မွန်အသင်း (၁)ပွဲသာအရေးနိမ့်ပြီး (၁၃)ပွဲအထိ အနိုင်ကစားခဲ့တယ်။ မိုချန်ဂလာဘတ်က အခုရာသီမှာ ဥရောပပြိုင်ပွဲမရှိလို့ ဘွန်ဒစ်လီဂါကို ပိုအာရုံစိုက်နိုင်နေပေမဲ့ ရလဒ်တွေက မမျှော်လင့်ထားလောက်အောင် ဆိုးရွားနေတယ်။ ဒေါ့မွန်အသင်း အခုပွဲပြီးရင် ချန်ပီယံလိဂ်ကစားရဖို့ရှိပေမဲ့ အုပ်စု အနေအထားအရ ဖိအားသိပ်မရှိလို့ ဘွန်ဒစ်လီဂါဘက်မှာ ရလဒ်ပိုင်း တိမ်းစောင်းသွားဖို့ လမ်းသိပ်မမြင်ဘူး။ ဟော်လန်းကလည်း ပြီးခဲ့တဲ့ရာသီကထက်တောင် စွမ်းဆောင်ရည်ပိုကောင်းနေတယ်။ ဒေါ့မွန်ကိုပဲ ရွေးချယ်ချင်တယ်။

Most Read

Most Recent