စီးရီးအေပွဲစဉ် (၆)  ပွဲကြိုသုံးသပ်ချက် 

စီးရီးအေပွဲစဉ် (၆)  ပွဲကြိုသုံးသပ်ချက် 
Photo: AFP
Photo: AFP
Published 25 September 2021

စပီဇီယာ - အေစီမီလန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၇:၃၀ နာရီ)

အေစီမီလန်ရဲ့ အဝေးကွင်းစွမ်းဆောင်ရည်က ရလဒ်ပိုင်း အရ သိပ်မကောင်းပေမဲ့ စွမ်းဆောင်ရည်အရ အသိအမှတ်ပြုရ မယ့်အနေအထားပါ။ လီဗာပူးလ်၊ ဂျူဗင်တပ်စ်တို့နဲ့ ရင်ဆိုင်ထား  ပြီး ပုံစံကောင်းပြသထားနိုင်လို့ စပီဇီယာဟာ သိပ်ပြီးမခက်တဲ့ ပြိုင်ဘက်လို့ ယူဆနိုင်တယ်။ ဒါပေမဲ့ မနှစ်တုန်းက စပီဇီယာကို ရှုံးနိမ့်ဖူးတဲ့အစဉ်အလာကို မေ့ထားလို့မရဘဲ အေစီမီလန် နိုင် မယ်ဆိုပေမဲ့ ဂိုးပြတ်ပါ့မလား စဉ်းစားရမယ်။



အင်တာမီလန် - အတ္တလန်တာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၁၀:၃၀ နာရီ)

နှစ်သင်းစလုံး ဒီပွဲပြီးရင် ချန်ပီယံလိဂ် ကစားရမယ်၊ ချန်ပီယံလိဂ်ပြီးရင် စီးရီးအေမှာ ပွဲကျပ်ကိုယ်စီရင်ဆိုင်ရမယ်။ ဒီတော့ ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်မလဲဆိုတာ အရင်ဆုံးစဉ်းစားရမယ့်အချက်ပါပဲ။ အတ္တလန်တာတိုက်စစ် အတည်တကျမဖြစ်သေးသလို၊ ကစားဟန်အရလည်း သိပ်ပြီးဆွဲဆောင်မှုမရှိဘူး။ အင်တာမီလန်က လက်ရှိအချိန်မှာ စီးရီးအေရဲ့သွင်းဂိုးအများဆုံးအသင်း အဖြစ် ရပ်တည်နေတယ်။ ဒါပေမဲ့ ကစားဟန် တည်ငြိမ်မှုမရှိဘူး။ အထူးသဖြင့် အရှိန်အဝါ မရှိသေးဘူး။ အင်တာမီလန်နည်းပြ အင်ဇာဂီက နည်းပြကောင်းတစ်ဦးဆိုတာ သက်သေပြထားနိုင်ပေမဲ့ စုဖွဲ့မှုချင်းမကွာတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရရင် အားကောင်းမောင်းသန် မဟာဗျူဟာမရှိတာ မြင်နေရတယ်။ နှစ်သင်းစလုံး အုပ်စုကျပ်ထဲကျရောက်နေတဲ့ ချန်ပီယံလိဂ်ကို ပိုပြီးအာရုံစိုက်နိုင်လို့ ဒီပွဲမှာ အင်အားချွေတာကြမယ်ထင်တယ်။ သရေကျသွားနိုင်တဲ့ပွဲပါ။



ဂျီနိုအာ - ဗီရိုနာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၆ ရက် နံနက် ၁:၁၅ နာရီ)

ရိုးမားကို အနိုင်ရလိုက်တာ ဗီရိုနာအတွက် Surprise Victory ပါပဲ။ နည်းပြ မက်ဇာရီအတွက် ယုံကြည်မှုပိုစေတဲ့ အောင်ပွဲမျိုးလည်းဖြစ်တယ်။ ဂျီနိုအာကလည်း ဂိုးတွေသွင်းနေသလို၊ ဂိုးတွေလည်း ပြန်ပေးနေရလို့ ရလဒ်သိပ်မကောင်းသေးဘူး။ သရေကျဖို့များပြီး ဂိုးလည်းများနိုင်တယ်။

Most Read

Most Recent