El Clásico ပထမအကျော့ပွဲကို အောက်တိုဘာ (၂၄) ရက်တွင် ဘာစီလိုနာအသင်း၏ နူးကမ့်ကွင်း၌ ကစားရမည်

El Clásico ပထမအကျော့ပွဲကို အောက်တိုဘာ (၂၄) ရက်တွင် ဘာစီလိုနာအသင်း၏ နူးကမ့်ကွင်း၌ ကစားရမည်
Photo: Getty Images
Photo: Getty Images
Published 24 September 2021

လာလီဂါပြိုင်ပွဲ၏ ဂန္ထဝင်ပြိုင်ဘက်နှစ်သင်းဖြစ်သည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ယခုရာသီ El Clásico ပထမအကျော့ပွဲစဉ်ကို အောက်တိုဘာ (၂၄) ရက်တွင် နူးကမ့်ကွင်း၌ ကစားရမည်ဖြစ်ကြောင်း သိရသည်။

    

လာလီဂါပွဲစဉ် (၁၀) ဖြစ်သည့် ယင်းပွဲကို အာရှဒေသမှပရိသတ်များ ကြည့်ရှုရန် အဆင်ပြေသည့် မြန်မာစံတော်ချိန် ည (၈:၄၅) နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

လာမည့်ပွဲစဉ်မှာ လာလီဂါပြိုင်ပွဲတွင် (၁၈၃) ပွဲမြောက်နှင့် ပြိုင်ပွဲစုံ (၂၄၇) ပွဲမြောက် ယှဉ်ပြိုင်ကစားမည့် El Clásico ပွဲစဉ်ဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှုအရ လာလီဂါပြိုင်ပွဲတွင် ရီးယဲလ်အသင်းက (၇၅) ပွဲနိုင်၊ (၇၂) ပွဲရှုံး၊ (၃၅) ပွဲသရေ၊ ပြိုင်ပွဲစုံတွင်လည်း ရီးယဲလ်အသင်းက (၉၈) ပွဲ နိုင်၊ (၉၆) ပွဲရှုံး၊ (၅၂) ပွဲသရေရလဒ်ဖြင့် အသာရထားသည်။ 

၎င်းတို့နှစ်သင်းသည် ပြီးခဲ့သည့် ရာသီကလည်း ပထမအကျော့အဖြစ် အောက်တိုဘာ (၂၄) ရက်တွင် နူးကမ့်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ပြီး ဧည့်သည်ရီးယဲလ်အသင်းက (၁-၃) ဂိုးဖြင့် အနိုင်ရထားသည်။

    

El Clásico ပွဲစဉ်များတွင် ပွဲအများဆုံးအဖြစ် (၄၅) စီပွဲကစားထားသည့် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီနှင့် ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်တို့နှစ်ဦးစလုံး ယခုနွေရာသီတွင် PSG အသင်းသို့ ပြောင်း ရွှေ့သွားပြီဖြစ်ရာ ပွဲအများဆုံးစံချိန်သစ်တင် မည့်သူမရှိတော့ကြောင်း သိရသည်။ 

ထို့ပြင် မက်ဆီသည် El Clásico ပွဲများတွင် (၂၆) ဂိုး သွင်းယူပြီး ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

Most Read

Most Recent