ဘင်ဝှိုက်အား ပေါင်သန်း (၅၀)ဖြင့် ခေါ်ယူခဲ့သည့် အာဆင်နယ်အသင်းကို ဂါးလက်စ် ဝေဖန်

ဘင်ဝှိုက်အား ပေါင်သန်း (၅၀)ဖြင့် ခေါ်ယူခဲ့သည့် အာဆင်နယ်အသင်းကို ဂါးလက်စ် ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 24 September 2021

အာဆင်နယ်နောက်ခံလူဟောင်း ဂါးလက်စ်က အင်္ဂလန်နောက်ခံလူ ဘင်ဝှိုက်အား ပေါင်သန်း (၅၀)ဖြင့် ခေါ်ယူခဲ့သည့် အသင်း၏လုပ်ရပ်အပေါ် နားမလည်နိုင်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘရိုက်တန်အသင်းမှ ဘင်ဝှိုက်(၂၃ နှစ်)ကို ပေါင်သန်း (၅၀)ဖြင့် ခေါ်ယူကာ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။ 

ဂါးလက်စ်က နာမည်ကျော် ပြင်သစ်နောက်ခံလူ ဗာရန်း(၂၈ နှစ်)ကို မန်ယူအသင်းက ပေါင်(၃၄)သန်း(Adds-on ကြေးများကို ထည့်တွက်ပါက ပေါင် ၄၂ သန်းအထိ ရှိလာနိုင်)ဖြင့် ခေါ်ယူခဲ့ခြင်းကို ထောက်ပြကာ အာဆင်နယ်အသင်းကို ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

ဂါးလက်စ်က "မန်ယူအသင်းက ဗာရန်းကို ပေါင်သန်း(၄၀)လောက်နဲ့ ခေါ်တဲ့အချိန်မှာ အာဆင်နယ်အသင်းက ဘာမှလုပ်မပြနိုင်သေးတဲ့ ဘင်ဝှိုက်ကို ပေါင်သန်း (၅၀)ပေးပြီး ဘာကြောင့်ခေါ်သလဲဆိုတာကို ကျွန်တော် နားမလည်နိုင်အောင် ဖြစ်မိပါတယ်။ ဘင်ဝှိုက်က အင်္ဂလိပ်ကစားသမား ဖြစ်နေလို့များလား။ ဗာရန်းနဲ့ ဘင်ဝှိုက်က အဆင့်ကွာပါတယ်။ ဘင်ဝှိုက် အသက်ငယ်သေးတာ မှန်တယ်။ ဒါပေမဲ့ သူဟာ ဘာမှလုပ်မပြရသေးဘူး။ အဲဒီကစားသမားကို ဘယ်လိုလုပ်ပြီး ပေါင်သန်း (၅၀)တောင် ပေးရတာလဲ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဗာရန်းမှာ ထိပ်တန်းအဆင့်တွင် သက်သေပြပြီးသား ကစားသမားဖြစ်သည့် ဘင်ဝှိုက်နှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ကြောင်းနှင့် မိမိအနေဖြင့် ဘင်ဝှိုက်ကို ထိပ်တန်းကစားသမားဖြစ်လာရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent