ကွင်းပိတ်ပြစ်ဒဏ်ကျခံရမည့် အခြေအနေကို ရှောင်လွှဲနိုင်ရန် FA လိုလားနေ

ကွင်းပိတ်ပြစ်ဒဏ်ကျခံရမည့် အခြေအနေကို ရှောင်လွှဲနိုင်ရန် FA လိုလားနေ
Photo: Getty Images
Photo: Getty Images
Published 24 September 2021

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) သည် ယူရို-၂၀၂၀ ဗိုလ်လုပွဲတွင် ပရိသတ်များ ၏ စည်းကမ်းချိုးဖောက်မှုကြောင့် ဥရောပ ဘောလုံးအဖွဲ့ချုပ်(UEFA)၏ ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံရမည့်အခြေအနေကို ရှောင်လွှဲနိုင်ရန် လိုလားနေကြောင်း သိရသည်။

    

ယူရို-၂၀၂၀ ဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ရာတွင် လက်မှတ်မဲ့ အင်္ဂလန်ပရိသတ်များစွာ သည် ဝင်ဘလေကွင်းအတွင်း ဝင်ရောက်ကြည့်ရှုရန် ကြိုးပမ်းခဲ့ကြသည်။ 

ထို့ကြောင့် လုံခြုံရေးတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့က ခက်ခက်ခဲခဲ ထိန်းသိမ်းခဲ့ရပြီး အဆိုပါဗိုလ်လုပွဲမှာ ရွှေ့ဆိုင်းရလုနီးပါး ဖြစ်ခဲ့ကြောင်းလည်း သိရသည်။ 

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သလို၊ UEFA ကလည်း စုံစမ်းစစ်ဆေး မှုများပြုလုပ်ခဲ့ပြီး အင်္ဂလန်အသင်းကို ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ဖွယ်ရှိကြောင်း သတင်းထွက်နေပြီး လာမည့်နှစ် ဇွန်လ၌ စတင်မည့် Nations League ပြိုင်ပွဲမတိုင်မီ အရေးယူ ဖွယ်ရှိကြောင်း သိရသည်။ 

ယင်းအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပရိသတ်များ၏ ပြဿနာကို ၎င်းင်းတို့ကိုယ်တိုင် ဖြေရှင်းခဲ့ရခြင်းဖြစ်၍ UEFA ၏ အရေးယူခြင်းမခံရသင့်ဟု ယူဆနေကြောင်းလည်း သိရသည်။

Most Read

Most Recent