ရီးယဲလ်သည် မိမိ၏ဘဝဖြစ်သည်ဟု ဘန်ဇီမာ ပြောကြား     

ရီးယဲလ်သည် မိမိ၏ဘဝဖြစ်သည်ဟု ဘန်ဇီမာ ပြောကြား     
Photo: Getty Images
Photo: Getty Images
Published 24 September 2021

ရီးယဲလ်အသင်း၏ ၀ါရင့်တိုက်စစ်မှူး ဘန်ဇီမာက လက်ရှိအသင်းသည် မိမိ၏ ဘဝဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ဘန်ဇီမာသည် မာယော့ကာနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် လာလီဂါဂိုး(၂၀၀)ပြည့် သွင်းယူနိုင်ခဲ့ပြီး ယင်းအတွက် အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကလည်း အမှတ်တရအကျႌ ပေးအပ်ခဲ့သည်။ 

ဘန်ဇီမာက "ဒီအသင်းက ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးပါပဲ။ ဂိုးတွေ အများကြီးထပ်သွင်းနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ အသင်းအတွက် ပထမဆုံးဂိုး သွင်းယူခဲ့ချိန်ကအတိုင်းပဲ လာလီဂါသွင်းဂိုးတိုင်းက ကျွန်တော့်အတွက် ထူးခြားပါတယ်"ဟု ပြောကြားခဲ့သည်။

ဘန်ဇီမာသည် မာယော့ကာနှင့်ပွဲတွင် (၂)ဂိုးသွင်းယူခဲ့ပြီးနောက် လာလီဂါသွင်းဂိုး (၂၀၀)ပြည့်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် (၁၀)ဦးမြောက်ကစားသမား ဖြစ်ခဲ့သည်။

ထို့ပြင် ၎င်းသည် လာလီဂါအဖွင့်ပွဲ(၆)ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု (၁၅)ဂိုး(၈ ဂိုးသွင်း၊ ၇ ဂိုးဖန်တီး)ရှိခဲ့ပြီး (၂၁)ရာစုအတွင်း လာလီဂါပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်(၆)ပွဲတွင် ဂိုးပါဝင်ပတ်သက်မှုအများဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

Most Read

Most Recent