Jun Ji Hyun  က တောင်ကိုရီးယားတွင် ယခုနှစ် ဝင်ငွေအကောင်းဆုံး အနုပညာရှင်ဖြစ်နေ

Jun Ji Hyun  က တောင်ကိုရီးယားတွင် ယခုနှစ် ဝင်ငွေအကောင်းဆုံး အနုပညာရှင်ဖြစ်နေ
Photo:Allkpop
Photo:Allkpop
Published 7 September 2021

တောင်ကိုရီးယားရုပ်ရှင်မင်းသမီးချော Jun Ji Hyun ၏ ၂၀၂၁ ခုနှစ်အတွင်းခန့်မှန်း ဝင်ငွေသည် ကိုရီးယားဝမ် ၁၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်းခန့်) ရှိနေပြီး တောင်ကိုရီးယားအနုပညာရှင်များဖြစ်သည့် Kim Soo Hyun နှင့် Yoo Jae Suk တို့ ဝင်ငွေထက်ပင် ပိုများနေသည်။

သတင်းဖော်ပြချက်များအရ Jun Ji Hyun သည် ကြော်ငြာရိုက်ကူးမှုများမှ တစ်နှစ်လျှင် ကိုရီးယားဝမ် တစ်ဘီလျံခန့် ဝင်ငွေရနေပြီး ယခုနှစ်တွင် Brand ၁၆ မျိုးကို ကြော်ငြာပေးထားသည်။

ဒုတိယဝင်ငွေအကောင်းဆုံးအနုပညာရှင်က မင်းသား Kim Soo Hyun ဖြစ်ပြီး ၎င်း၏ဝင်ငွေမှာ ကိုရီးယားဝမ် ၁၃ ဘီလျံခန့်ရှိကာ Yoo Jae Suk က ကိုရီးယားဝမ် ၁၀ ဘီလျံဖြင့် ဝင်ငွေအကောင်းဆုံး တတိယမြောက်နေရာတွင် ရပ်တည်နေသည်။

စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးသူအဖြစ် ကိုရီးယားဝမ် ရှစ်ဘီလျံရရှိထားသူက မင်းသားချော Song Joong Ki ဖြစ်ပြီး ၎င်း၏နောက်တွင် Lee Seung Ki (ကိုရီးယားဝမ်  ခုနစ်ဘီလျံခန့်)၊ Shin Dong Yup (ကိုရီးယားဝမ်  ငါးဘီလျံခန့်) နှင့် Song Hye Kyo (ကိုရီးယားဝမ် ၄ ဘီလျံခန့်) တို့ အသီးသီး ရပ်တည်နေသည်။

Most Read

Most Recent