လေဒီဂါဂါ၏ Remix အယ်လ်ဘမ်သစ် ထွက်ရှိလာ

လေဒီဂါဂါ၏ Remix အယ်လ်ဘမ်သစ် ထွက်ရှိလာ
Photo:Pinknews
Photo:Pinknews
Published 6 September 2021

အောက်တိုဘာတွင် လတ်စ်ဗေးဂတ်စ်၌ ကိုးရက်ကြာဖျော်ဖြေပွဲပြုလုပ်မည့် လေဒီဂါဂါသည် Remix တေးအယ်လ်ဘမ် တစ်ခွေကို စက်တင်ဘာ ၃ ရက်က ထွက်ရှိထားသည်။

အခွေအမည်မှာ Dawn of Chromatica ဖြစ်ပြီး ၂၀၂၀ ခုနှစ် မေလကထွက်ရှိထားသည့် ဂါဂါ၏ ဆဋ္ဌမမြောက် စတူဒီယိုအယ်လ် Chromatica မှသီချင်းများကို Remix ပြန်လည်ပြုလုပ်ထားသည်။

Chromatica အယ်လ်ဘမ်တွင်ပါခဲ့သည့် ကေပေါ့အဖွဲ့ Blackpink နှင့်တွဲဖက်သီဆိုထားသည့် Sour Candy သီချင်းသည် Dawn of Chromatica အခွေတွင် Remix ပုံစံပြန်ပါလာသည်။ လတ်စ်ဗေးဂတ်စ်တွင် ပြုလုပ်မည့် ဂါဂါ၏ ‘Jazz & Piano” ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ ၃၁ ရက် (ဟောလိုးဝင်းနေ့) အတွင်း ကျင်းပတော့မည်လည်းဖြစ်သည်။

ဂါဂါသည် ဂန္ထဝင်အဆိုတော်ကြီး တိုနီဘန်းနတ်နှင့် တွဲဖက်သီဆိုထားသည့် jazz အယ်လ်ဘမ်တစ်ခုလည်း ထွက်ရန်ရှိသည်။ ‘Love For Sale’ အမည်ရ ၎င်းအခွေကို အောက်တိုဘာ ၁ ရက်တွင် ဖြန့်ချိမည်ဖြစ်ပြီး ၂၀၁၄ တွင်  ‘Cheek To Cheek’ အခွေထွက်ပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦး၏ ဒုတိယမြောက်အခွေဖြစ်သည်။ 

Most Read

Most Recent