Drake ၏ Certified Lover Boy အယ်လ်ဘမ်က ၂၄ နာရီအတွင်း Apple Music ၌ ပရိသတ် နားဆင်မှုအများဆုံး အယ်လ်ဘမ်ဖြစ်ခဲ့

Drake ၏ Certified Lover Boy အယ်လ်ဘမ်က ၂၄ နာရီအတွင်း Apple Music ၌ ပရိသတ် နားဆင်မှုအများဆုံး အယ်လ်ဘမ်ဖြစ်ခဲ့
Published 5 September 2021

ကနေဒါအဆိုတော် Drake ၏ ဆဋ္ဌမမြောက် စတူဒီယိုအယ်လ်ဘမ် Certified Lover Boy ကို စက်တင်ဘာ ၃ ရက်တွင် စတင်ဖြန့်ချိခဲ့ပြီး ယင်းအယ်လ်ဘမ်သည် ဖြန့်ချိပြီး ၂၄ နာရီအတွင်း Apple Music တွင် ပရိသတ် နားဆင်မှုအများဆုံး အယ်လ်ဘမ်ဖြစ်လာခဲ့သည်။

Certified Lover Boy အယ်လ်ဘမ် ထွက်ရှိလာခဲ့ပြီးနောက် ထိုအယ်လ်ဘမ်ထဲမှ တေးသီချင်းတစ်ပုဒ်ဖြစ်သော You Only Live Twice တေးသီချင်းသည် လူမှုမီဒီယာထက်တွင် လူကြိုက်များလာခဲ့သည်။ You Only Live Twice တေးသီချင်းကို Drake နှင့်အတူ အဆိုတော် Lil Wayne နှင့် Rick Ross တို့က ပါဝင်သီဆိုပေးထားကြသည်။

Certified Lover Boy အယ်လ်ဘမ်တွင် တေးသီချင်းစုစုပေါင်း ၂၁ ပုဒ်ပါဝင်သည်။ Drake နှင့်အတူ အဆိုတော် Lil Durk တွဲဖက်သီဆိုထားပြီး အယ်လ်ဘမ်၏ ခေါင်းစီးတေးသီချင်းဗီဒီယို Laught Now Cry Later ကို အယ်လ်ဘမ်မဖြန့်ချိမီ သြဂုတ်လအတွင်း ထုတ်လွှင့်ပေးခဲ့သည်။

Certified Lover Boy အယ်လ်ဘမ်သည် Scorpion အယ်လ်ဘမ်ထွက်ရှိခဲ့သည့် ၂၀၁၈ ခုနှစ်နောက်ပိုင်း ဖြန့်ချိသော Drake ၏ နောက်ဆုံးအယ်လ်ဘမ်ဖြစ်သည်။

Scorpion အယ်လ်ဘမ်ထွက်ရှိချိန်က Billboard 200 ထိပ်တန်း တေးသီချင်းအယ်လ်ဘမ်စာရင်းတွင် နံပါတ်တစ်နေရာ၌ ကာလအတော်ကြာ ရပ်တည်ခဲ့ပြီး ရောင်းအားလည်း ကောင်းခဲ့သည်။

Most Read

Most Recent