ကမ္ဘာပေါ်တွင် ကိုယ့်အသင်းလူစာရင်းကို ကျေနပ်သည့်နည်းပြ ပိုချက်တီနိုတစ်ဦးသာ ရှိလိမ့်မည်ဟု မော်ရင်ဟို အရွှန်းဖောက်

ကမ္ဘာပေါ်တွင် ကိုယ့်အသင်းလူစာရင်းကို ကျေနပ်သည့်နည်းပြ ပိုချက်တီနိုတစ်ဦးသာ ရှိလိမ့်မည်ဟု မော်ရင်ဟို အရွှန်းဖောက်
Photo: Getty Images
Photo: Getty Images
Published 26 August 2021

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ကမ္ဘာပေါ်တွင် ကိုယ့်အသင်းကို ကျေနပ်သည့် နည်းပြမရှိကြောင်းနှင့် ပိုချက်တီနိုတစ်ဦးသာ အသင်းလူစာရင်းကို ကျေနပ်လိမ့်မည်ဟု အရွှန်းဖောက်ပြောကြားခဲ့သည်။

ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ သြဂုတ်လ (၃၁)ရက်တွင် ပိတ်သိမ်းမည်ဖြစ်သော်လည်း ရိုးမားနည်းပြ မော်ရင်ဟိုသည် မိမိအနေဖြင့် ကွင်းလယ်ကစားသမား (၂)ဦးခန့် ခေါ်ယူရန် လိုအပ်နေသေးကြောင်းလည်း ပြောကြားခဲ့သည်။

မော်ရင်ဟိုက ''ကျွန်တော် ပြောနိုင်တာကတော့ အပြောင်းအရွှေ့စျေးကွက် မပိတ်ခင်အထိ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာပါပဲ။ ကစားသမားအဝင်အတွက်ရော၊ အထွက်ပါ ကျွန်တော်တို့ တံခါးဖွင့်ထားပါတယ်။ ကိုယ့်အသင်းလူစာရင်းကို ကြည့်ပြီး အားရကျေနပ်တဲ့နည်းပြ ရှိတယ်ထင်လား။ ပိုချက်တီနိုကတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်နည်းပြမှ မကျေနပ်ပါဘူး''ဟု ဆိုခဲ့သည်။

PSG အသင်းတွင် မက်ဆီ၊ နေမာ၊ ဘာပေ၊ ရာမို့စ်၊ ဟာကီမီ၊ ဒီမာရီယာ၊ ဒွန်နာရမ်မာတို့ကဲ့သို့ ကစားသမားများရှိနေသည့်အတွက် မော်ရင်ဟိုက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent