မန်စီးတီးအသင်းတွင် ကစားမည်မဟုတ်ဟု စီရော်နယ်လ်ဒို ပြောခဲ့ဖူး

မန်စီးတီးအသင်းတွင် ကစားမည်မဟုတ်ဟု စီရော်နယ်လ်ဒို ပြောခဲ့ဖူး
Photo: Juventus Twitter
Photo: Juventus Twitter
Published 26 August 2021

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အတိတ်က မန်စီးတီးအသင်းတွင် ကစားမည်မဟုတ်ဟု ပြောဆိုခဲ့ဖူးကြောင်း Manchester Evening News က ဖော်ပြခဲ့သည်။

လက်ရှိတွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားရန် စီစဉ်နေသည်ဟု သတင်းထွက်နေသည့် စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းတွင် ကစားနေစဉ် ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် အသင်းဟောင်း မန်ယူ၏မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းတွင် ကစားမည်မဟုတ်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုက ''မန်စီးတီးအသင်းမှာ ကျွန်တော် ကစားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မန်ယူအသင်းက ကျွန်တော့်နှလုံးသားထဲမှာ ရှိနေလို့ပါ။ မန်စီးတီးအသင်းမှာ ကစားဖို့ဆိုတာ  ကျွန်တော့်အတွက် အရမ်း အရမ်း အရမ်း အရမ်းကို ခက်ပါလိမ့်မယ်။ မန်ယူအသင်းကြောင့် မန်စီးတီးအသင်းမှာ ကစားဖို့ အရမ်းကို ခက်မှာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent